ပါဝင်ပစ္စည်းများ
- ပုဇွန် ၁၅ ကျပ်သား
- ချဉ်ပေါင် ၁ စ ည်း (ခြွေထားပါ)
- ဇရစ်ရိုး ၁ စ ည်း (ခြွေထားပါ)
- ပုဇွန်ခြောက်မှုန့် ၁ ဇွန်း
- ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- နနွင်းမှုန့် အနည်းငယ်
- ငရုတ်သီးစိမ်း ၇/၈ တောင့်
- ဆား အနည်းငယ်
- ရေ ၂ ခွက် (နို့ဆီဗူး)
ပြုလုပ်နည်း
- ပုဇွန်များကို သန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်ထားသည့် ပုဇွန်များကို ဆား နှင့် နနွင်းမှုန့် တို့နှင့် နယ်ထားပါ။ ဒယ်အိုးကို ပူအောင် တည်ပြီး ရေစစ်ထားသည့် ပုဇွန်များကို ထည့်၍ လှော်ပါ။
- ပြီးလျင် ပုဇွန်ခြောက်မှုန့် ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းကို ချိုး၍ အိုးထဲ ထည့်ပြီး ရေကို မြုပ်ရုံ ထည့်ပါ။
- ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ နွမ်းသွားလျင် ခြွေထားသည့် ဇရစ်ရိုး နှင့် ချဉ်ပေါင်ကို ထည့်ပြီး ရေကို မြုပ်ရုံ ထည့်ပါ။
- အားလုံးနူး၍ ရေစပ်စပ် ကျန်ချိန်တွင် အပေါ့အငံမြည်း၍ အနေတော် ဖြစ်လျင် မီးဖိုပေါ်မှ ချရျ် သုံးဆောင်နိင်ပါပြီ ။
- ဆီ နှင့် အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar