ပရိသတ်ကြီးရေ နောက်ထပ် ဟင်းလျာဆန်းဆန်းလေးဖြစ်တဲ့ ပုစွန်လတ်လတ် အုန်းသီးနုနုဟင်းလျာလေးကို ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
- ပုစွန် – ၃၀သား
- အုန်သီးဇွန်းခြစ် – ၁လုံး
- ခရမ်းချဉ်သီး – ၁လုံး (စဉ်းထားပါ)
- ကြက်သွန်နီ – ၂ ဥ (စဉ်းထားပါ)
- ကြက်သွန်ဖြူ – ၃ တက် (စဉ်းထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပင်စိမ်းရွက် – အနည်းငယ်
- ဆီ – လက်ဖက်ရည်ဇွန်း ၃ဇွန်း
- နနွင်းမှုန့်/အရောင်တင်မှုန့် အနည်းငယ်
ပြုလုပ်နည်း
- ပုစွန်ကို အခွံခွာ ချေးကြောင်းထုတ် ရေဆေးထားပြီး ဆား၊ သကြား၊ နနွင်းမှုန့်၊ အရောင်တင်မှုန့် တို့ဖြင့် နယ်ထားပါ။
- အုန်းသီးကို အရည်သတ်သတ်ဖယ် ထားပြီး အသားနုနုများ ဇွန်းနှင့် ရှပ်ခြစ်ပါ။ ဖိခြစ်လျှင် အုန်းသီး အခွံနုသားများပါပြီး ဖန်တတ်ပါတယ်။ အုန်းသီးအသားများကို အဖတ်သေးသေးလေးများ ဖြစ်အောင် လှီးထားပါ။ အုန်းရည်ကိုလည်း ဟင်းချက်ဖို့ သီးသန့် ချန်ထားပါ။
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူများ ဆီသတ်ပါ။ ညိုလာလျှင် လှီးထားသော အုန်းသီးအသားများ ထည့်ပါ။ မကပ်အောင် သေသေချာချာမွှေပေးပြီး ခရမ်းချဉ်သီးများ ထည့်ပြီး ကြေပြီး ခြောက်လာသည်အထိ မွှေပေးပါ။
- ဟင်းအိုးခြောက်လာလျှင် အရသာ နယ်ထားသော ပုစွန်များထည့်ပေးပါ။ ရေမသုံးဘဲ ဖယ်ထားသော အုန်းရည်ကို ဟင်းအိုးခြောက်လျှင် သုံးနိုင်ပါသည်။
- ပုစွန်များကွေးပြီး ဟင်းရည်ပျစ်ပျစ်ရလျှင် ပင်စိမ်းရွက်များ ခပ်ပြီး အဆင်သင့် စားသုံးနိုင်ပါသည်။
Credit: သစ်ထူး