ညနေခင်းအစာပြေပုဇွန်ခွက်ကြော်သုပ်စားတယ်။ သူက ခေါက်ဆွဲလေးနဲ့ ရောသုပ်မှ ပိုစားကောင်းမယ်ထင်လို့ ခေါက်ဆွဲလေးနဲ့ သုပ်ထားပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်စပ်ထုပ် – တပိဿာ
- ပဲတီပင်ပေါက် – တပိဿာ
- ကြက်သွန်နီ – ၂၀လုံး (ပါးပါးလှီး)
- ကြက်သွန်ဖြူ
- သခွားသီး – ၅လုံး (အချောင်းလေးတွေလှီး)
- ဇလပ်ရွက် – ၅၀၀ဘိုး (ခတ်ထူထူလှီး)
- ခေါက်ဆွဲ – တပိဿာ
- ငြုတ်ဆီ
- ထန်းလျက်
- မကျီးရည်
- ငြုတ်စိမ်း
- နံနံပင်
- ပဲကျက်မူန့်
- ငြုတ်ကျက်မူန့်
- ပဲနောက်ရည်
- ဂေါ်ဖီ
- ယိုးဒယားမယ်အကြော်မူန့် – ၁၀ထုပ်
- ကြက်ဥ – ၂လုံး
- ငြုတ်စိမ်းမူန့်
- နနွင်းမူန့်
- သကြား
- ဆား
- ကြက်သားမူန့်
ပြင်ဆင်ပြုလုပ်နည်း
- ပုဇွန်စပ်ထုပ်လေးတွေကို အခွံမခွာဘဲ ထိပ်ချွန်ကို ဖြတ်ပြီး အစာအိတ်အမဲကိုထုတ် ရေဆေးထားပါ။
- ပဲတီပင်ပေါက်ကိုလည် ရေစစ်ပြီး ခတ်တိုတိုညှပ်ထားပါ။
- ကြက်သွန်နီ ပါးပါးလှီး၊ သခွားသီး အချောင်းလေးတွေလှီး၊ ဇလပ်ရွက်ကို ခတ်ထူထူလှီးထားပါ။ ငြုတ်ဆီ၊ ထညက်၊ မကျီးရည်၊ ကြက်သွန်ဖြူ၊ ငြုတ်စိမ်း၊ နံနံပင်တို့နဲ့ ချိုချဉ်ငန်စပ် အချဉ်ရည်ဖျော်ထားပါ။ ပဲကျက်မူန့်၊ ငြုတ်ကျက်မူန့် နှင့် ကြက်သွန်ဖြူကို ဆီချက်ချက်ထားပါ။
- ခေါက်ဆွဲတပိဿာကို ပဲနောက်ရည်လူးပြီး ဂေါ်ဖီလေး ပါးပါးလှီးပြီး ဆီပူလှိမ့်ထားပါ။ ယိုးဒယားမယ်အကြော်မူန့်တွေကို ဇလုံကြီးတလုံးထဲ ဖောက်ထည့်၊ ကြက်ဥ၂လုံး ၊ ငြုတ်စိမ်းမူန့်၊ နနွင်းမူန့်၊ သကြား၊ ဆား၊ ကြက်သားမူန့်၊ ရေနဲနဲချင်းထည့်ပြီး သမအောင်နယ်ထားပါ။ မုန့်နှစ်ရည် မပျစ်မကျဲလေးရရင် ကြက်သွန်နီ ပါးပါးလှီးတာနဲ့ ပဲပင်ပေါက်တွေကိုထည့် သမအောင်နယ်လိုက်ရင် ကြော်ရန်အဆင်သင့်ရပါပြီ။ ပုဂံပြားအပြန့်သေးပေါ် ပဲပင်ပေါက်မုန့်နှစ်ကို ဖြန့်တင်ပြီး ပုဇွန်အပေါ်ကတင် မုန့်နှစ်ရည်ကို ပုဇွန်ပေါ်ထပ်ဆမ်းပြီး ဆီပူပူမှာ အသာရှောချပါ။ တဖက်နီရောင်သန်းရင် နောက်တဖက်လှန်ပြီး ၂ဖက်လုံး နီညိုရောင်သန်းတဲ့ ပုဇွန်ခွက်ကြော် ဆယ်လို့ရပါပြီ။
- သုပ်စားမယ်ဆိုရင်တော့ ဇလုံထဲ ပုဇွန်ခွက်ကြော် တစ်ခုညှပ်ထည့် ခေါက်ဆွဲကြော်နည်းနည်းရယ် ဆီချက်၊ ပဲကျက်မူန့်၊ ငြုတ်ကျက်မူန့်၊ သခွားသီး၊ ကြက်သွန်နီ၊ ဇလပ်ရွက် အချဉ်ရည်ရွဲရွဲဆမ်းပြီး သမအောင်နယ်ပြီး ပုဂံထဲထည့်စားရန် အသင့်ပါ။ ထမင်းဖြူလေးနဲ့ ရေနွေးကြမ်းပူပူလေးနဲ့ဆို လိုက်မှလိုက်။
Credit: Ohnmar Kyi