ညနေခင်းအစာပြေပုဇွန်ခွက်ကြော်သုပ်စားတယ်။ သူက ခေါက်ဆွဲလေးနဲ့ ရောသုပ်မှ ပိုစားကောင်းမယ်ထင်လို့ ခေါက်ဆွဲလေးနဲ့ သုပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

Noodle and prawn salad 2

  • ပုဇွန်စပ်ထုပ် – တပိဿာ
  • ပဲတီပင်ပေါက် – တပိဿာ
  • ကြက်သွန်နီ – ၂၀လုံး (ပါးပါးလှီး)
  • ကြက်သွန်ဖြူ
  • သခွားသီး – ၅လုံး (အချောင်းလေးတွေလှီး)
  • ဇလပ်ရွက် – ၅၀၀ဘိုး (ခတ်ထူထူလှီး)
  • ခေါက်ဆွဲ – တပိဿာ
  • ငြုတ်ဆီ
  • ထန်းလျက်
  • မကျီးရည်
  • ငြုတ်စိမ်း
  • နံနံပင်
  • ပဲကျက်မူန့်
  • ငြုတ်ကျက်မူန့်
  • ပဲနောက်ရည်
  • ဂေါ်ဖီ
  • ယိုးဒယားမယ်အကြော်မူန့် – ၁၀ထုပ်
  • ကြက်ဥ – ၂လုံး
  • ငြုတ်စိမ်းမူန့်
  • နနွင်းမူန့်
  • သကြား
  • ဆား
  • ကြက်သားမူန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန်စပ်ထုပ်လေးတွေကို အခွံမခွာဘဲ ထိပ်ချွန်ကို ဖြတ်ပြီး အစာအိတ်အမဲကိုထုတ် ရေဆေးထားပါ။
  2. ပဲတီပင်ပေါက်ကိုလည် ရေစစ်ပြီး ခတ်တိုတိုညှပ်ထားပါ။
  3. ကြက်သွန်နီ ပါးပါးလှီး၊ သခွားသီး အချောင်းလေးတွေလှီး၊ ဇလပ်ရွက်ကို ခတ်ထူထူလှီးထားပါ။ ငြုတ်ဆီ၊ ထညက်၊ မကျီးရည်၊ ကြက်သွန်ဖြူ၊ ငြုတ်စိမ်း၊ နံနံပင်တို့နဲ့ ချိုချဉ်ငန်စပ် အချဉ်ရည်ဖျော်ထားပါ။ ပဲကျက်မူန့်၊ ငြုတ်ကျက်မူန့် နှင့် ကြက်သွန်ဖြူကို ဆီချက်ချက်ထားပါ။
  4. ခေါက်ဆွဲတပိဿာကို ပဲနောက်ရည်လူးပြီး ဂေါ်ဖီလေး ပါးပါးလှီးပြီး ဆီပူလှိမ့်ထားပါ။ ယိုးဒယားမယ်အကြော်မူန့်တွေကို ဇလုံကြီးတလုံးထဲ ဖောက်ထည့်၊ ကြက်ဥ၂လုံး ၊ ငြုတ်စိမ်းမူန့်၊ နနွင်းမူန့်၊ သကြား၊ ဆား၊ ကြက်သားမူန့်၊ ရေနဲနဲချင်းထည့်ပြီး သမအောင်နယ်ထားပါ။ မုန့်နှစ်ရည် မပျစ်မကျဲလေးရရင် ကြက်သွန်နီ ပါးပါးလှီးတာနဲ့ ပဲပင်ပေါက်တွေကိုထည့် သမအောင်နယ်လိုက်ရင် ကြော်ရန်အဆင်သင့်ရပါပြီ။ ပုဂံပြားအပြန့်သေးပေါ် ပဲပင်ပေါက်မုန့်နှစ်ကို ဖြန့်တင်ပြီး ပုဇွန်အပေါ်ကတင် မုန့်နှစ်ရည်ကို ပုဇွန်ပေါ်ထပ်ဆမ်းပြီး ဆီပူပူမှာ အသာရှောချပါ။ တဖက်နီရောင်သန်းရင် နောက်တဖက်လှန်ပြီး ၂ဖက်လုံး နီညိုရောင်သန်းတဲ့ ပုဇွန်ခွက်ကြော် ဆယ်လို့ရပါပြီ။
  5. သုပ်စားမယ်ဆိုရင်တော့ ဇလုံထဲ ပုဇွန်ခွက်ကြော် တစ်ခုညှပ်ထည့် ခေါက်ဆွဲကြော်နည်းနည်းရယ် ဆီချက်၊ ပဲကျက်မူန့်၊ ငြုတ်ကျက်မူန့်၊ သခွားသီး၊ ကြက်သွန်နီ၊ ဇလပ်ရွက် အချဉ်ရည်ရွဲရွဲဆမ်းပြီး သမအောင်နယ်ပြီး ပုဂံထဲထည့်စားရန် အသင့်ပါ။ ထမင်းဖြူလေးနဲ့ ရေနွေးကြမ်းပူပူလေးနဲ့ဆို လိုက်မှလိုက်။

Credit: Ohnmar Kyi