“ဟယ်၊ နေ့တိုင်းစားရတာ ဒီဟင်းတွေချည်းပဲ ရိုးအီလှပြီ” ဆိုသူတွေအတွက် အသစ်အဆန်းကလေးလည်းဖြစ်အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း အိုခေ စိုပြည်စေမယ့် ဟင်းရွက်စုံစွပ်ပြုတ်လုပ်နည်းလေးကို မျှဝေလိုက်ပါပြီ။

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီ (၁ခွက်)
  • ဥနီ (ခွက်တစ်ဝက်)
  • မှို (ခွက်တစ်ဝက်)
  • ငရုတ်ပွ (ခွက်တစ်ဝက်)
  • ပဲပင်ပေါက် (ခွက်၃ပုံတစ်ပုံ)
  • ဘိုစားပဲ (ခွက် ၄ပုံတစ်ပုံ)
  • ကြက်သွန်နီ (သို့) ကြက်သွန်မြိတ် (ခွက်၎ပုံတစ်ပုံ)
  • နံနံပင် အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆားအနည်းငယ်
  • ရေ ၃ခွက်
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် ပြင်ဆင်ရန်
  • ဟင်းသီးဟင်းရွက်များကိုရေဆေး၍ သင့်တော်သလို လှီးဖြတ်ထားပါ။

ပြုလုပ်နည်း

  1. ဒယ်အိုးထဲတွင် ဆီပူအောင်ထားပြီးလျှင် လှီးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကာ ကြက်သွန်နီ အရောင်ကြည်လာသည်အထိမွှေပေးပါ။
  2. ပြီးလျှင် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များကို ထည့်ပြီး ကောင်းကောင်းမွှေပေးပါ။ မီးအနေတော်နှင့် ၄မိနစ် ၅မိနစ်ခန့်မွှေပေးပါ။ ပဲပင်ပေါက်ထည့်ကာ ၂မိနစ်ခန့်မွှေပေးပါ။ ရေထည့်ပြီး မွှေပေးပါ။
  3. ပဲငံပြာရည်၊ငရုတ်ကောင်းမှုန့်ထည့်မယ်။ မွှေမယ်။(ပဲငံပြာရည်ကို မိမိနှစ်သက်သလောက် ထည့်နိုင်ပါတယ်)
  4. ပြီးလျှင် ဒယ်အိုးကို အဖုံးအုပ်ပြီး မီးအနေတော်တွင် ၁၀မိနစ် ၁၁မိနစ်ခန့်ထိ ဆူအောင်ပြုတ်ထားပါ။
  5. ပြီးအလျှင် ဆား နှင့်ငရုတ်ကောင်းမှုန့်ကို လိုအပ်လျှင်ထပ်ထည့်ပြီး နံနံပင်ကြိုက်လျှင်အုပ်ကာ ထမင်းပူပူနှင့်ဖြစ်စေ ခေါက်ဆွဲထည့်၍ဖြစ်စေ မြိန်ရည်ရှက်ရည်စားသောက်နိုင်ပါပြီ။

Source: Dassana Amit (Veg Recipes of India)