အာလူး အမျှင်လေးကို အနောက်တိုင်း နိုင်ငံတွေမှာတော့ အိုးကပ်အောင် ကော်ပြီး ချိစ်ထည့်ပါသည်။ အဲလိုလုပ် စားမည်ဆိုလျှင် အောက်ပါနည်းအတိုင်းကို ဆနွင်း ၊ မဆလာ မထည့်ပဲ ကျက်ခါနီးမှ အာလူးပေါ်တွင် ချိစ်ထည့်ရျ် ချိစ်အရည်ပျော်လျှင် မီးဖိုပေါ်မှ ချခါ သုံးဆောင်နိုင်သည်။

ပါဝင်ပစ္စည်းများ

  • အားလူးအနေတော် – ၃ လုံး
  • ဆား – လက်ဖက်ရည်းဇွန်း တစ်ဝက်
  • သကြား – လက်ဖက်ရည်းဇွန်း တစ်ဝက်
  • ဆနွင်း – အနည်းငယ်
  • မဆလာ
  • ဆီ – ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

  1. အာလူး လက်သီးဆုပ် အရွယ် သုံးလုံးကို ခြစ်နှင့် အမျှင် ရအောင် ခြစ်ထားပါ ။ ပြီးလျှင် ဆား လက်ဖက်ရည်ဇွန်း တဝက် ၊ သကြား လက်ဖက်ရည်ဇွန်း တဝက် ၊ ဆနွင်း အနည်းငယ် ၊ မဆလာ(ကြိုက်လျှင်) ထည့်ရျ် နယ်ပါ။ မကပ်သော ဒယ်အိုးကို အသုံးပြုပါက ဆီကို ထမင်းစားဇွန်း ၁ ဇွန်းခွဲထည့် ရိုးရိုးဆိုလျှင် ဆီ ထမင်းစားဇွန်း ၃ ဇွန်းကို ထည့်ရျ် ဆီကို အိုးအနှံ့ဖြစ်အောင်လုပ်ပါ။
  2. ဆီ ပူလာလျှင် အာလူးကို ထည့်ရျ် ပါးပါးလေးဖြစ်အောင် ဖြန့်ပေးပါ ။ နောက်ထပ် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို အိုးရဲ့ဘေး ပတ်ပတ်လည် အနားတွေ မကပ်အောင် သုပ်ပေးပါ။ ကြိုက်နှစ်သက်တဲ့အနေအထား (အပျော့ ကြိုက်လျှင် အကြွပ်ကြိုက်လျှင်အကြွပ်) ရလျှင် နောက်တဖက်လှန်ပါ ။ ကျက်လျှင် မီးဖိုပေါ်မှ ချရျ် သုံးဆောင်နိုင် ပါသည်။

Credit: Ei San’s Homemade Inspiration