ပါဝင်ပစ္စည်းများ
- ပုစွန်ဆိတ် – ၂၀ ကျပ်သား
- ကြက်သွန်နီ – ၁ လုံး
- ကြက်သွန်ဖြူ – ၅ တက်
- ခရမ်းချဉ်သီး – ၃ လုံး
- ငရုတ်ခြောက်တောင့် – ၃ တောင့်
- ငရုတ်သီးစိမ်း – ၅ တောင့်
- ရှမ်းနံနံ – ၃ ပင်ခန့် ြ
ပြုလုပ်နည်း
- ပုစွန်ဆိတ် လေးတွေ ကိုခေါင်းချိုးပြီး ရေဆေး သန့်စင်ပါ။ ဆား ၊ ဟင်းခတ်မှုန့် အနည်းငယ် ဖြင့်အရသာ နယ်ထားပါ။ ကြက်သွန်နီ ၊ ဖြူ ၊ ငရုတ်ခြောက်တောင့် တွေကို ညှက်နေအောင်ထောင်းပါ ။
- ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး ငရုတ်သီးစိမ်းကို ၃ ပိုင်းခန့် ပိုင်းလှီးပေးပါ ။ ရှမ်းနံနံကို ပါးပါးလေး လှီးထားပါ။ ဒယ်အိုးတစ်လုံးရဲ့ အောက်ခြေမှာ ထောင်းထားတဲ့ အရောကို ဖြန့်ခင်းပါ ။
- နနွင်း နှင့် အရောင်တင်မှုန့် အနည်းငယ် ထည့်ပါ ။ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးများ ဖြင့်ဖုံးအုပ်ပါ။ဒယ်အိုးနှုတ်ခမ်းသား ပတ်လည်မှာ ဆီအနည်းငယ် လောင်းထည့်ပါ ။ ထောင်းထားတဲ့ ငရုတ်ဆုံကို ရေအနည်းငယ် နှင့် ကျင်းပြီးထည့်ပါ ။
- မီးရှိန်အေးအေးမှာ အဖုံးပိတ်ပြီး ချက်ပါ ။ ရေခမ်း ၊ ဆီပြန် ၊ အနှစ်ကျလာပြီဆိုမှ အရသာနယ်ထားတဲ့ ပုစွန်ဆိတ်တွေ ထည့်မွှေပါ။ ၃ ပိုင်းလှီးဖြတ်ထားတဲ့ ငရုတ်သီးစိမ်းလေးတွေ လည်းထည့်မွှေပေးပါ။
- အဖုံးပြန်ဖုံးပြီး ရေခမ်း ၊ ဆီပြန်လာအောင် ဆက်ပြီး ချက်ပေးပါ။ ဆီပြန်လာလျှင် ပါးပါးလှီးထားတဲ့ ရှမ်းနံနံလေးတွေ ဖြူးထည့်ပြီး အိုးကပ်သည်အထိ ချက်ပေးပါ ။
Credit: ဟင်းချက်နည်းများ