နေ့လည်နေ့ခင်း မုန့်တစ်ခုခု လုပ်စားကြရအောင်။ လူတိုင်း သရေကျမယ့် ငါးဖယ်အစာသွပ်နဲ့ ပဲပြားအစာသွပ်လေး လုပ်ရအောင်လေ။ အပြင်မှာ ဝယ်စားရင် ၁၀၀၀ ဖိုး နည်းနည်းလေးပဲ စားရလို့ အိမ်မှာပဲ အ၀ လုပ်စားကြစို့။
ငါးဖယ် အစာသွပ်နဲ့ ပဲပြားအစာသွပ်လုပ်ဖို့ အတွက် လိုတာလေးတွေကတော့
- ငါးဖယ် ၁၅ကျပ်သား
- ပဲပြား ၃တုံး
- ဟင်းခတ်မှုန့်
- ပုဇွန်ခြောက်မှှုန့်
- ဂေါ်ဖီ တစ်စိပ်
- ငရုတ်သီးစိမ်း
- ဂျင်း (ငါးဖယ်ကြော်ရန်)
- ကြက်သွန်ဖြူ
- ဆီ
- နနွင်းမှုန့်
- ဆား
- ငံပြာရည်
- သံပုရာသီး
- ရှောက်ရွက်
- မြေပဲလှော်၊ ပုဇွန်ခြောက်အကောင်
အရင်ဆုံး ငါးဖယ်နဲ့ ပဲပြားကို ကြော်ပါမယ်။
ငါးဖယ်ကို ဆိုင်ကနေ ရိုက်ပြီးသား ယူလာရင်တော့ အရသာ နယ်ပြီး ကြော်ရုံပါပဲ။ တကယ်လို့ အိမ်မှာ ပြန်ပြီး လုပ်မယ်ဆိုရင်တော့ ပိုမွှေးအောင် ဂျင်းနဲ့ ရောပြီး ထောင်းပါ။ အရသာ အနည်းငယ်ထည့်ပြီးမှ ကြော်ပါ။ ငါးဖယ်ကို ကိုင်ရင် လက်ကို ရေစွတ်ပြီး ဆုပ်လုံးပြီး ကြော်ပါ။ အစာသွပ်ဖို့ အဆင်ပြေအောင် ကြော်ပါ။ အရောင်လေးက ရွှေဝါရောင် သန်းလာပြီဆိုရင်တော့ အိုးကို ချပါ။ ပဲပြားကို တြိဂံပုံစံ လှီးပြီး ဖောင်းပွလာအောင် ကြော်ပေးပါ။
ငါးဖယ်နဲ့ ပဲပြားကို အအေးခံနေတဲ့ အချိန်မှာ ကြက်သွန်ဖြူလေးကို ဆီချက် ချက်ထားပါ။ ဂေါ်ဖီကို ရေဆေးပြီး ရိတ်ရိတ်လေးတွေ လှီးထားပါ။ မြေပဲလှော် အနည်းငယ် ထောင်းပါ။ ငရုတ်သီးစိမ်းကို အနည်းငယ်ထောင်းပါ။ ပါးပါးလှီးရင်လည်း ရပါတယ်။ သံပုရာသီးကို အဆင်သင့် ပြင်ထားပါ။
ပြုလုပ်ပုံ
- ငါးဖယ်နဲ့ ပဲပြားကို အဆာသွပ်ဖို့ အတွက် ဂေါ်ဖီ၊ ငရုတ်သီးစိမ်းတို့ကို ပုဇွန်ခြောက်မှုန့်၊ သံပုရာရည်ညှစ်၊ ငံပြာရည်ထည့်၊ ဟင်းခတ်မှုန့်ထည့်ပြီး နယ်ပါ။ ပဲပြားထဲကို မြေပဲလှော် အနည်းငယ်စီ ထည့်ပေးပါ။ ရပြီဆိုရင်တော့ အစာသွပ်ပြီး အပေါ်ကနေ ရှောက်ရွက်နဲ့ ကြက်သွန်ဖြူ ဆီချက်ဖြူးပါ။ ပုဇွန်ခြောက်အကောင်လေးတွေကို အပေါ်ကနေ ထပ်ဖြူးပြီးရင်တော့ စားလို့ရပါပြီ။