ရာသီဥတုတွေကလည် ပူလိုက်၊ မိုးရွာလိုက်နဲ့ဆိုတော့ အစားအသောက်ကလည် စားချင်စိတ်မရှိဖြစ်နေတာနဲ့ ကြက်သောက်ဆမ်း ချဉ်စပ်မွှေးမွှေးလေးကို ချက်စားဖြစ်ပါတယ်။ ထမင်းစားရရင် အချဉ် အစပ် မပါရင် ဟာတာတာဖြစ်နေတာ အခုလို ချဉ်စပ်လေးချက်စားတော့ အင်မတန်မှကို ထမင်းမြိန်သွားပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား
- ဆား
- ဆနွင်း
- ဂျင်း
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ဆီ
- မျှင်ငပိ
- စပါးလင်
- မရမ်းသီးစိမ်း
- ငရုပ်သီးစိမ်း
- ရှမ်းနံနံ
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သားကို ဆား ၊ ဆနွင်း ၊ အချိုနယ်ထားပြီး ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆီနည်းနည်း ၊ မျှင်ငပိတို့နဲ့ ဆီသတ်ပါ။
- ကြက်သားထည့်လုံးပြီး စပါးလင်ထည့်၊ ရေအနည်းငယ်နဲ့ဆူအောင်တည်ပါ။
- ကြက်သားနူးလောက်ပြီဆို မရမ်းသီးစိမ်းထည့် ၊ ရေစိတ်ကြိုက်ထည့်ပါ။ ဆူရင်အပေါ့အငံမြည်းပြီး ငရုပ်သီးစိမ်း ၊ ရှမ်းနံနံလေးအုပ်ပြီးရင် ရပါပြီ။
Credit: Naing Naing