၂၀၁၇ခုနှစ်၊ မေလ ၂၉ရက်၊ ရန်ကုန်မြို့။   ။ ၁၉၀၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော The Strand Hotel သည် မြန်မာနိုင်ငံ၏ အဓွန့်ရှည်စွာ တည်ရှိနေသည့် အထင်ကရ အဆောက်အဦးတစ်ခုဖြစ်ပြီး ကမ္ဘာ့ အရှေ့ဘက်ခြမ်းရှိ အကောင်းဆုံး ဟိုတယ်အဖြစ် သတ်မှတ်ခြင်းခံရရုံသာမက အထင်ကရပုဂ္ဂိုလ်များမှကပါ အသိအမှတ်ပြုရသော ဟိုတယ် ဖြစ်သည်။ ပြုပြင်မွမ်းမံမှုများလုပ်ဆောင်ရာတွင် နဂိုမူလ ကိုလိုနီခေတ် အပြင်အဆင်များဖြစ်သော မီးဆိုင်းများ၊ မျက်နှာကျက်ပန်ကာများ၊ ကြိမ်ထည် နှင့် သစ်သားပရိဘောဂများကို ဆက်လက်ထိန်းသိမ်းထားပြီး ခေတ်သစ်အသွင်များ ပေါင်းထည့်ကာ ရန်ကုန်မြို့၏ အကောင်းဆုံးသော ဇိမ်ခံဟိုတယ်အဖြစ် နိုဝင်ဘာလ ၂၀၁၆ခုနှစ်တွင် The Strand အား ပြန်လည်ဖွင့်လှစ်ခဲ့သည်။

လူစည်ကားသည့် ရန်ကုန်မြို့၏အလယ်တွင် အိုအေစစ်တမျှ အေးချမ်းဆိတ်ငြိမ်မှုကို ပေးစွမ်းနိုင်သော  The Strand Café သည် နှစ်ပေါင်း ၁၁၅နှစ် ကျော်ကြာတည်ရှိခဲ့ပြီး ထူးကဲစွာ ခံတွင်းတွေ့စေမည့် နံနက်စာ၊ ပေါ့ပေါ့ပါးပါးသုံးဆောင်နိုင်သော အစားအစာများနှင့် နာမည်ကျော် Strand High Tea တို့ကို တည့်ခင်းဧည့်ခံလျက်ရှိသည်။

The Strand Cafe

The Strand နှင့် သစ်လွင်သော The Strand Café သည် မြန်မာ့အမွေအနှစ်များကို ထိန်းသိမ်းရာတွင် ဂုဏ်သတင်းကျော်ကြားပြီး ယခုအခါတွင် မြန်မာ A La Carte Menu အသစ်ကို မြန်မာ့ဓလေ့ ချက်ပြုတ်နည်းများအတိုင်း ပြင်ဆင်ပြီး လာရောက်သောဧည့်သည်တော်များကို တည့်ခင်းဧည့်ခံကာ ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသွားမည်ဖြစ်သည်။

မီနူးအသစ်မိတ်ဆက်ခြင်း၏ ရည်ရွယ်ချက်မှာ The Strand မှ မြန်မာနိုင်ငံ၏ ဟင်းချက်ခြင်းအနုပညာ အမွေအနှစ်ကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများထက် သာလွန်လှပပြီး ပျူငှာဖော်ရွေပြီး စိတ်ထားပြည့်ဝသည့် လူမျိုးများရှိသည့် မြန်မာနိုင်ငံအား ဂုဏ်ပြုခြင်းဖြစ်သည်။

အမှူဆောင်စားဖိုမှူးကြီး Christian သည် လွန်ခဲ့သောလအနည်းငယ်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အော်ဂဲနစ် အသီးအရွက်၊ အသီးအနှံများ ရှာဖွေရန် နှင့် မြန်မာအစားအစာမီနူးအသစ် မိတ်ဆက်ခြင်းကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ရန်အတွက် ကုန်ကြမ်းတင်ပို့သူများနှင့် ဝေးလံသော စိုက်ပျိုးမွေးမြူရေး ဒေသများဆီသို့ သွားရောက်လေ့လာခဲ့သည်။ Christian သည် လုပ်ဖော်ကိုင်ဖက် စားဖိုမှူးများဖြစ်ပြီးThe Strand ၌ ၂၅နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ဝင်းမာ နှင့် ဒေါ်နန့်ထွေးထွေး တို့နှင့်အတူ မီနူးအသစ်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Chefs

ဒေါ်ဝင်းမာ နှင့် ဒေါ်နန့်ထွေးထွေးသည် ၁၉၉၃ ခုနှစ်တွင် The Strand Hotel ၌ အကူစားဖိုမှူးအနေဖြင့် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် Chef de Partie ရာထူးသို့ လွှဲပြောင်းချီးမြှင့် ပေးအပ်ခြင်းခံခဲ့ရသည်။ The Strand Yangon ၏ နှလုံးသားဗဟိုချက်ချာဖြစ်သော ဟိုတယ်၏ အခြားဝန်ထမ်းများနည်းတူ ဤအမျိုးသမီး စားဖိုမှူးနှစ်ဦးသည် ပြည်တွင်းဖြစ် ကုန်ကြမ်းပစ္စည်း၊ ပါဝင်ပစ္စည်းများကို ကျွမ်းကျင်စွာ ပေါင်းစပ်အသုံးပြုပြီး ဟင်းလျာများစွာကို တည်ခင်းဧည့်ခံပေးသည့် The Strand Café ၏ ကျောရိုးသဖွယ် တာဝန်ထမ်းဆောင်ကြသူ များလည်း ဖြစ်သည်။

IMG_7313

“ကျွန်မတို့အနေနဲ့ ဟင်းလျာကောင်းတစ်ပွဲအတွက် ပြင်ဆင်ချက်ပြုတ်မယ်ဆိုရင် စိတ်အားထက်သန်ပြီး မေတ္တာအခံနဲ့ ပြင်ဆင်ဖို့လိုအပ်ပါတယ်။ The Strand Café အတွက်ကတော့ ဧည့်သည်တွေကို တည်ခင်းဧည့်ခံတဲ့အခါမှာ လတ်ဆတ်သန့်ရှင်းတဲ့ ပြင်ဆင်မှုတွေနဲ့အတူ ချက်ပြုတ်ထားပြီး အခု A La Carte မီနူးသစ်ကို ပြင်ဆင်တဲ့အခါမှာလည်း တကယ်ကိုအရသာရှိပြီး မြန်မာထမင်းဟင်းအရသာကို အိမ်ချက် လက်ရာလိုဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ထားတာဖြစ်ပါတယ်။” ဟု The Strand Café ၏ Chef de Partie ဒေါ်ဝင်းမာမှပြောပြသည်။

IMG_7322

“ကျွန်မတို့အနေနဲ့ ခမ်းနားထည်ဝါတဲ့သမိုင်းကြောင်းနဲ့ အရှေ့တောင်အာရှရဲ့ အကောင်းဆုံး ဇိမ်ခံဟိုတယ် တွေထဲကတစ်ခုဖြစ်တဲ့ The Strand Yangon ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လုပ်ဆောင်ရတာကို အရမ်းဂုဏ်ယူပါတယ်။ နောက်ပြီး အစားအသောက်နဲ့ ဝန်ဆောင်မှု နယ်ပယ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင်နဲ့ The Strand ဟိုတယ်တစ်ခုလုံးအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်အောင် အင်္ဂလိပ်ဘာသာနဲ့ ဝန်ဆောင်မှု သင်တန်းတွေကို အထူးသင်ကြားပို့ချပေးပါတယ်။” ဟု ဒေါ်နန့်ထွေးထွေး မှပြောကြားသွားသည်။

The Strand Café တွင် အဆိုပါမီနူးအသစ်မိတ်ဆက်ခြင်းအားဖြင့် The Strand သည် မြန်မာပြည်တွင် နေထိုင်သူများ နှင့် လာရောက်လည်ပတ်သော ဧည့်သည်များအားလုံးအတွက် မြန်မာနိုင်ငံ၏ နှစ်သက်စရာကောင်းသော အလှအပများကို တဖန်ပြည်လည်ဖော်ထုတ်သွားမည်ဖြစ်သည်။

The Strand Yangon အကြောင်း

The Strand Yangon သည် ၁၉၀၂ခု တွင် အရှေ့တောင်အာရှ၌ ဖွင့်လှစ်သော ပထမဆုံးကိုလိုနီခေတ် ဇိမ်ခံဟိုတယ်တွေထဲတွင် တစ်ခုဖြစ်ပြီး နာမည်ကျော်ဟိုတယ်ပိုင်ရှင်တွေဖြစ်တဲ့ the Sarkeis ညီအကိုမှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်၊ ထို့အပြင် The Strand Yangon သည် မြို့တော်အတွင်း၌ ဗိသုကာလက်ရာအားဖြင့် အလှပဆုံးအထင်ကရ အဆောက်အဦးများထဲတွင် တစ်ခုအဖြစ်လည်း ရပ်တည်နေခြင်းဖြစ်ပသည်။ The Strand Yangon အား မေလ ၂၀၁၆ခုနှစ် မှစတင်၍ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပြီး ၂၁ရာစုနှစ်အသွင် တင့်တယ်ကြော့ရှင်းစွာ မြင်တွေ့ရမည့် သမိုင်းဝင်ဟိုတယ်အဖြစ် နိုဝင်ဘာလ၊ ၁၅ရက်နေ့၊ ၂၀၁၆ခုနှစ်တွင် ပြန်လည်ဖွင့်လှစ် လျက်ရှိပါသည်။ The Strand Yangon အား ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် မြန်မာ့ရိုးရာလက်မှုပစ္စည်း ယွန်းထည်များ နှင့် ကျောက်သားကြမ်းခင်း များမှအစ ကျွန်းသား ပရိဘောဂ အသုံးအဆောင်များ ပါမကျန် အစရှိသော The Strand Yangon ၏ နဂိုမူလ ဗိသုကာလက်ရာ အသေးစိတ်များကို ဂရုတစိုက် ထိန်းသိမ်းပြုပြင်ခဲ့ကြသည်။ လေဝင်လေထွက်ကောင်း၍ ကျယ်ဝန်းသော ဟိုတယ်အခန်း ၃၁ ခန်း အား ရှေးဟောင်းဂန္တဝင် အနုပညာလက်ရာ များနှင့်လည်း ထပ်ဆင့်ပြည့်စုံအောင် ဖန်တီးထားပြီး ခေတ်မီလေအေးပေးစက်များ၊ နောက်ဆုံးပေါ်အခန်းတွင်း နည်းပညာများဖြင့် တပ်ဆင်ပြုပြင်ထားသည်။

The Strand Hotel