ပုဇွန်ကြိုက်သူတွေအနေနဲ့ ဆီပြန်ဟင်းမဟုတ်ဘဲ စားလို့မြိန်စေမယ့် ချဉ်စပ်ဟင်းလေး ပြောင်းချက်ကြည့်ရအောင်ပါ။

ပါဝင်ပစ္စည်း

  • ပုဇွန်
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သကြား အနည်းငယ်
  • ခ၇မ်းချဉ်သီး(အတုံးသေးတုံးထားပါ)
  • ဂျင်း (အရှည်လိုက်လှီးပါ)၊ ငရုတ်သီးစိမ်း၊ ငရုတ်နှစ်၊ ငရုတ်ဖတ်ချဉ်ဘူး၊ ရှာလကာရည်
  • ဆား၊ ဆနွင်း၊ ဆီ

ပြုလုပ်နည်း

ပုဇွန်ကို ဆား၊ ဆနွင်း၊ သကြား အနည်းငယ် နှင့် နယ်ထားပါ။ ဒယ်အိုးထဲတွင် ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဂျင်းထည့်၍ ဆီသပ်ပါ။

အနည်းငယ်နွမ်းလျှင် ငရုတ်နှစ် နှင့် ငရုတ်ချဉ်ဖတ် ထည့်ပါ။ အနှစ်အတွက် ဆား၊ သကြား၊ ရှာလကာရည် ထည့်ပြီးလျှင် ပုဇွန်ထည့်၍ ချက်ပါ။

အရသာ စိတ်ကြိုက် ပြင်ဆင်ပြီး ငရုတ်သီးစိမ်း အုပ်ပြီး သုံးဆောင်နိုင်ပါသည်။

Credit: Yadana Cooking