ပါဝင်ပစ္စည်းများ
- ကြက်ရိုး ၃၀ သား
- ကြက်သွန်နီ အကြီး ၁ ဥ (၈စိတ်စိပ်)
- ကြက်သွန်ဖြူ ၃ မွှာ (ဓါးပြားရိုက်)
- ခရမ်းချဉ်သီး အကြီး ၁လုံး (၈စိတ်စိပ်)
- ငရုတ်သီးစိမ်း ၇ တောင့် (မညက်တညက်ထောင်း)
- စပလင် ၁ တောင့် (၄ပိုင်းဖြတ်ပြီးထု)
- နနွင်းမှုန့် အနည်းငယ်
- ဆား
- ငံပြာရည်
- ရေ
ပြုလုပ်နည်း
ကြက်ရိုး ၊ ဆား ၊ နနွင်းမှုန့် ၊ ငံပြာရည် တို့နှင့် နယ်ထားပါ ။
အိုးထဲတွင် ရေ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး ၊ စပလင် တို့ကို ဆူအောင် တည်ပါ ။
ဆူလျင် နယ်ထားသော ကြက်ရိုးများကို ထည့်တည်ပါ ။
ကြက်ရိုးများနူးလျင် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်ရျ် အရည်ကျသည် အထိ တည်ပါ ။
အရည်ကျလျင် အပေါ့အငံမြည်း၍ ငရုတ်သီးစိမ်းများ အုပ်ကာ သောက်ဆမ်းဟင်းအဖြစ် သုံးဆောင်နိုင်ပါပြီ ။
ဆီ နှင့် အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar