အခုဆိုရင် မိုးတွင်းလည်းရောက်တော့မယ်ဆိုတော့ ဟင်းချိုပူပူလေးသောက်ချင်ကြမှာပါနော်။ ဒါကြောင့် ဒီတစ်ခါမှာ အာပူလျှာပူနဲ့ ခံတွင်းမြိန်မယ့် ကြက်သားဟင်းချိုလေးနဲ့ ထမင်းမြိန်မြိန် စားကြရအောင်။
ပါဝင်ပစ္စည်းများ
- မြန်မာကြက် ၃၅ ကျပ်သား
- ဆား
- ဆနွင်း
- နှစ်သက်ရာဟင်းခတ်မှုံ့
- ငါးငံပြာရည်
- ငြုတ်သီးစိမ်း
- ငြုတ်သီးအနီတောင့် ၅ ကျပ်သား(စားနိုင်သလောက်)
- ကြက်သွန်ဖြူ တစ်လုံး
- ကြက်သွန်အနီ (ကြီး ၁/ သေး၂)
- ဂျင်း
- ရှမ်းနံနံ
- နံနံပင်
- ငြု တ်ကောင်းလှော်မှုံ့
- သရက်ပြား ၊ မရမ်းပြား ၊ မန်ကျည်းသီးစိမ်း ၊ မန်ကျည်းမှည့်
- ရေ
- စပါးလင်
- သံပုရာသီး/ရှောက်ရည်
ပြုလုပ်နည်းများ
- အနေတော် ခုတ်ထားတဲ့ မြန်မာကြက် ၃၅ ကျပ်သားကို ဆား၊ ဆနွင်း၊ နှစ်သက်ရာ ဟင်းခတ်မှုံ့၊ ငါး ငံပြာရည်နဲ့ နယ်၊ ရေနဲ့ ထည့်ပြုတ်ထားပါ။
- ပွက်ပွက်ဆူလာရင် ထောင်းထားတဲ့ ငြုတ်သီးစိမ်း အစိမ်း၊ ငြုတ်သီး အနီတောင့် ၅ ကျပ်သား (စားနိုင်သလောက်) ထည့်ပါ။ ထောင်းထားတဲ့ ကြက်သွန်ဖြူ တစ်လုံး ၊ ကြက်သွန်အနီ (ကြီး၁/သေး၂) ထည့်ပါ။
- ဂျင်း ဓားပြားနှင့် ရိုက်ထည့်ပါ။ စပါးလင်ဥ ဖြတ်ထည့်၊ အရွက်ထုပြီး စည်းထည့်ပါ။ အရည်သောက်မို့ ဆား၊ ဟင်းခတ်မှုံ့၊ ငံပြာရည်ကို လိုသလို ထည့်ပါ။
- အသားကျက်ရင် သရက်ပြား၊ မရမ်းပြား၊ မန်ကျည်းသီးစိမ်း၊ မန်ကျည်းမှည့်ဖျော် ထည့်တယ်။ သရက် စတာတွေ မထည့်ချင်ရင် စားခါနီးမှ သံပုရာသီး ၊ ရှောက်ရည် ညှစ် စားလဲ ရပါတယ်။
- အသားနူးအိသွားရင် ရှမ်းနံနံ၊ နံနံပင်၊ ငြုတ်ကောင်း လှော်မှုန့်ခပ်ပြီး မီးပိတ်နိုင်ပါပြီ။ ခံတွင်းမြိန်စေတဲ့ ဆီလွတ် အရည်သောက် ကြက်သား အာပူလျှာပူ သုံးဆောင်လို့ ရပါပြီ။
Credit: Original