အခုလို ဆောင်းရာသီမနက်ခင်းလေးမှာ ပူပူစပ်စပ်ကလေး စားလိုက်လျှင်ဖြင့် ခံတွင်းမြိန်လှမှာပဲနော်။ အခုပဲ ကြက်ဥထမင်းကြော် ပူပူစပ်စပ်လေး လုပ်စားကြရအောင်လား။
ပြင်ဆင်ရန်
- ဆန်ဆေး၍ မိနစ်၂၀ခန့် ရေစိမ်ထားပါ။ ထို့နောက် ထမင်းချက်ရာတွင် စီးလောက်သည့် ပမာဏထိ ချက်ပါ။ မပျော့စေပါနဲ့။ ထမင်းကို အအေးခံထားပါ။
- ဟင်းသီးဟင်းရွက်များ လှီးဖြတ်ထားပါ။
- ကြက်ဥတစ်လုံးကို ဖောက်ကာ မွှေထားပါ။
ပြုလုပ်နည်း
- ဒယ်အိုးထဲတွင် ဆီထည့်ကာ နာနာတ်ပွင့်နှင့် ကြက်သွန်ဖြူတို့ကိုထည့်မွှေပါ။
- ပြီးလျှင် လှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကိုထည့်ပြီး ရွှေရောင်သန်းလာသည့်အထိ မွှေပါ။
- ထို့နောက် ငရုတ်သီးမှုန့်၊ ပဲငံပြာရည်နှင့် သကြားတို့ကိုထည့်မွှေပါ။
- ပြီးလျှင် လှီးဖြတ်ထားသော ကြက်သွန်နီ၊ဂေါ်ဖီထုပ်နှင့် ငရုတ်ပွတို့ကိုထည့်ပြီး သမအောင် ၃မိနစ်ခန့်မွှေပေးပါ။
- မီးအရှိန်လျှော့ကာ ခေါက်မွှေထားသော ကြက်ဥကိုထည့်ပါ။
- ကြက်ဥကျက်ခါနီးလျှင် ရောမွှေပါ။(မတူးစေရန် သတိထားပါ)
- ထို့နောက် ချက်ထားသော ထမင်းထည့်ကာ ဆား၊ငရုတ်ကောင်းထပ်ထည့်၍ မွှေပါ။
- မီးအရှိန် အနည်းငယ်မြှင့်၍ ၂မိနစ်ခန့် မွှေပေးပါ။
- နံနံပင်ကြိုက်လျှင် နံနံပင်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။