ပါဝင်ပစ္စည်း
- အာလူး
- ခရမ်းသီး
- ငပိဖျော်
- ပုဇွန်ခြောက်မှုန့်
- ဟင်းခတ်မှုန့်
- ငရုတ်သီးစိမ်း (စားနိုင် သလောက်ထည့်)
- မန်ကျီးရေ
- နံနံပင်
ပြုလုပ်နည်း
- အာလူး သေးသေးတွေကို ၂ ခြမ်း စိပ်ပြီး ဆားဖြင့် နယ်ပေးပါ။ အာလူးကို အခွံမခွာဘဲ သေသေချာချာ တိုက်ပြီး ဆေးပါ။
- အာလူးခြမ်း ၊ ခရမ်းသီး၊ ငရုတ်သီးစိမ်း ကြိုက်သလောက်၊ ငပိဖျော်ရေ၊ ဟင်းချိုမှုန့် ၊ ပုဇွန်ခြောက်မှုန့်၊ ဆား၊ ဆီနဲနဲ၊ ငံပြာရည် လုံးပြီးချက်ပါ။
- နူးရင် မန်ကျီးမှည့် ထည့်၊ နံနံပင်အုပ်ပြီး စားလို့ ရပါပြီ။
Credit: Anty Tha Zin