ပါဝင်ပစ္စည်းများ
- ဂွေးသီး
- မျှင်ငပိ
- ငြုပ်သီးစိမ်း
- ကြက်သွန်ဖြူ
- ဟင်းချိုမှုန့်
ြပုလုပ်နည်း
ဂွေးသီးများကို သေးသေးလှီးပါ။
မျှင်ငပိကို မီးဖုတ်ပါ။
ငြုပ်သီးစိမ်းများကို ရေအနည်းငယ် ထည့်ရျ် ပြုတ်လှော်ပါ။
ပြီးလျင် ငြုပ်သီးစိမ်း ပြုတ်လှော်၊ ကြက်သွန်ဖြူ ၊ ဟင်းချိုမှုန့် အနည်းငယ် တို့ကို ရောထောင်းပါ။
ထို့နောက်လှီးထားသော ဂွေးသီးများကိုပါ ရောပြီး ထည့်ထောင်းပါ။
ငပိမီးကင်ကို နောက်ဆုံးမှ ထည့်၍ ထောင်းပါ။
မိမိနှစ်သက်ရာ အစပ်အပေါ့အငံ အနေတော်ဖြစ်လျင် သုံးဆောင်နိုင်ပါပြီ။
MyFood Myanmar