အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားပွဲပေါ်မှာ အများဆုံးတွေ့ရတတ်တာက ဆီပြန်ဟင်း၊ အရွက်ကြော်၊ ငပိရည်၊ တို့စရာတွေပါပဲနော်။ ငပိရည်ကစားလို့ကောင်းပေမယ့်လည်း တခါတလေ အရည်ဟင်းလေးတွေအတွက်တော့ ငပိထောင်းနဲ့မှ ပိုစားလို့ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာ ပုစွန်ငပိထောင်းလေးပြင်ဆင်ပုံအဆင့်ဆင့်လေးကို ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- ပုဇွန်ကျ ား – ၆ ကောင် (အရွယ်တော်)
- ငပိစိမ်းစား – ၂ ဇွန်း (ဟင်းစားဇွန်း
- ငရုတ်သီးစိမ်း – ၁၅ တောင့် (အစပ်စားနိင်သလောက်)
- ကြက်သွန်ဖြူသေး – ၁ လုံး
- ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
- သံပုရာသီး – ၁ လုံး
ပြင်ဆင်ပြုလုပ်နည်း
- ပုဇွန် ၊ ငရုပ်သီး ၊ ကြက်သွန်ဖြူ လှော်ထားပါ ။
- ငါးပိကို မီးကင် (သို့မဟုတ်) ရေနွေးငွေ့ ြ ဖင့် အနံ့မွှေ း လာအောင် ကင် (သို့မဟုတ်) ပေါင်း ထားပါ ။
- ဆုံထဲမှာ ငရုတ်သီးလေးတွေ အရင် ထောင်းပါ ။ ညက်လျင် ပုဇွန်မျ ား ထည့်ထောင်း ပါ ။
- ပြီးလျင် ကြက်သွန်ဖြူမျ ား ထည့်ထောင်း ပြီး ပန်းကန်ထဲ ဆယ်ယူပြီး. ဆီမျ ား ရွှ ဲရွှ ဲလောင်း ပြီး စိမ်ထားပါ ။ စား ခါနီး မှာ သံပုရာ ၊ မန်ကျ ည်းနှစ်မျ ား ဆမ်းပေး ပါ ။
Credit: Soe’s Cooking Collection