ပါဝင်ပစ္စည်း
- ပုဇွန်ဆိတ်
- ခရမ်းချဉ်သီး အနည်းငယ်
- ငရုတ်ပွသီး ၅တောင့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆနွင်းမှုန့်
- အရောင်တင်မှုန့်
- ဆီ
- ဆား
- အရသာမှုန့်
ပြင်ဆင်ပြုလုပ်နည်း
- အရင်ဆုံး ပုဇွန်ဆိတ်ကို သန့်အောင် ရေဆေးပါ။ ပြီးရင် ခရမ်းချဉ်သီး အနည်းငယ်ကို ခပ်ပါးပါး လှီးပါ။
- ငရုတ်ပွသီး ၅တောင့်ကို အစိတ်ကလေးများ ဖြစ်အောင် လှီးပါ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ထောင်းပြီး ဆီသတ်ပါ။ ဆနွင်းမှုန့် နှင့် အရောင်တင်မှုန့်ပါ ထဲ့ပါ။
- ပြီးရင် ခရမ်းချဉ်သီး ကို ထဲ့ပြီ ကြေတဲ့ အထိ မွှေရပါတယ်။
- ထို့နောက် အရသာမှုန့် နယ်ထားတဲ့ပုဇွန်နဲ့ငရုတ်ပွသီးကို ထည့်၍ ရောမွှေပြီး အုပ်ထားပါ။ နွမ်းသည် အထိ အုပ်ထားပါ။ ဆား အပေါ့အငံ မြည်းပါ။
- ပြီးရင်တော့ ဆီပြန် ပုဇွန်ချက် ရပါပြီ။
Credit: Kyal Sin