ပါဝင်ပစ္စည်း

  • ပုဇွန်ဆိတ်
  • ခရမ်းချဉ်သီး  အနည်းငယ်
  • ငရုတ်ပွသီး   ၅တောင့်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆနွင်းမှုန့်
  • အရောင်တင်မှုန့်
  • ဆီ
  • ဆား
  • အရသာမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. အရင်ဆုံး ပုဇွန်ဆိတ်ကို သန့်အောင် ရေဆေးပါ။ ပြီးရင် ခရမ်းချဉ်သီး အနည်းငယ်ကို ခပ်ပါးပါး လှီးပါ။
  2. ငရုတ်ပွသီး ၅တောင့်ကို အစိတ်ကလေးများ ဖြစ်အောင် လှီးပါ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ထောင်းပြီး ဆီသတ်ပါ။  ဆနွင်းမှုန့် နှင့် အရောင်တင်မှုန့်ပါ ထဲ့ပါ။
  3. ပြီးရင် ခရမ်းချဉ်သီး ကို ထဲ့ပြီ ကြေတဲ့ အထိ မွှေရပါတယ်။
  4. ထို့နောက် အရသာမှုန့် နယ်ထားတဲ့ ပုဇွန်နဲ့ ငရုတ်ပွသီးကို ထည့်၍ ရောမွှေပြီး အုပ်ထားပါ။ နွမ်းသည် အထိ အုပ်ထားပါ။  ဆား အပေါ့အငံ မြည်းပါ။
  5.  ပြီးရင်တော့ ဆီပြန် ပုဇွန်ချက် ရပါပြီ။

Credit: Kyal Sin