[Unicode]
ကိုရီးယားစတိုင်လ် တရုတ်စတိုင် ရောသမမွှေလေးကြော်ပြီး ကိုယ်ပိုင် အရသာလေး တီထွင်ဖန်တီးပြီး သူငယ်ချင်းများ မြည်းခိုင်းတဲ့အခါ အားရပါးရ စားသုံးတာကို မြင်ရတော့ ဝမ်းသာပျော်ရွှင်မိတယ်။ အားလုံးလည်း အားရပါးရ ပြန်လည်ကြော်စားလို့ရအောင် ခေါက်ဆွဲကြော်နည်းလေး ပြန်ရှယ်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကိုရီးယားဝက်အူချောင်းသေး – ၁၇၅ ဂရမ် (ပါးပါး စွေစောင်းလေးတွေ လှီးထားပါ)
- ကြက်ဥခေါက်ဆွဲ – ၃၂ဝ ဂရမ် (တစ်ထုပ်၊ ပြုတ်ထားပါ)
- ကင်မ်ချီ – ၁၆ဝ ဂရမ် (ပါးပါးလေးတွေ လှီးထားပါ)
- ကြက်ဥ – ၂ လုံး (မွှေကြော်ထားပါ)
- ပဲငံပြာရည် – စားပွဲဇွန်း ၂ ဇွန်း
- ကိုရီးယားငရုတ်သီးနှစ် – စားပွဲဇွန်း ၃ ဇွန်း
- ကန်နိုလာဆီ – စားပွဲဇွန်း ၃ ဇွန်း ခွဲ
- မုန်လာဥနီ – ၁ ဥ (အခွံခွာပြီး ပါးပါးချောင်းလေးတွေ လှီးထားပါ)
- ရှမ်းနံနံ – ၃ ပင် (ခပ်ရှည်ရှည်လေးတွေ ဖြတ်ထားပါ)
- ကြက်သားမှုန့် – စားပွဲဇွန်း ၃ ဇွန်းခွဲ (မထည့်လည်းရပါတယ်)
- ဆား – အနည်းငယ် (ကိုယ့်အရသာအတိုင်း ထည့်ပါ)
- ဂေါ်ဖီ
ပြုလုပ်နည်း
- ဒယ်အိုးကြီးထဲ ဆီထည့်အပူပေးပါ။ ဒယ်အိုးပူလာလျှင် ဝက်အူချောင်းများ ထည့်ကြော်ပါ။ ဝက်အူချောင်း အညိုရောင်သန်းလာလျှင် ကင်မ်ချီနှင့် မုန်လာဥထည့်ပြီး ၃ မိနစ် လောက်ကြော်ပါ။ ပြီးလျှင် ဂေါ်ဖီထည့်ပြီး ၂ မိနစ်လောက် ကြော်ပြီးလျှင် မီးမျှင်မျှင်လေးဖြင့် ပဲငံပြာရည်၊ ငရုတ်သီးအနှစ်များ ထည့်ပြီး သေချာနှံ့အောင်မွှေပါ။
- ခေါက်ဆွဲကို အထုပ်မှာပါတဲ့ အညွှန်းအတိုင်း ပြုတ်ထားပါ။ ပြုတ်ထားသော ခေါက်ဆွဲကို ရေအေးနဲ့ဆေးပါ။ ရေစင်အောင်စစ်ပြီး ဆီအနည်းငယ် ခပ်ဖွဖွလေးနယ်ထားပါ။ ကြက်ဥကို ခလောက်ပြီး အသင့်မွှေကြော်လေး ကြော်ထားပါ။
- အသီးအရွက်များထဲ ခေါက်ဆွဲရောပါ အားလုံးနှံ့အောင် ခပ်ဖွဖွလေး မွှေပေးပါ။ ကြက်သားမှုန့်ဖြူးပါ။ ၃-၄ မိနစ်လောက် သေချာနှံ့အောင်မွှေပြီး ကြော်ပါ။ ခေါက်ဆွဲနူးအိ အသီးအရွက်များလည်း နွမ်းလာလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ အသင့်ကြော်ထားသော ကြက်ဥကြော်လေးကို ခေါက်ဆွဲပေါ်မှာ အသာဖြူးပြီး ကြိုက်နှစ်သက်သလို ပူပူလေးသုံးဆောင်ပါ။
မှတ်ချက် – ဝက်အူချောင်းအစား တခြားအသားများကို အစားထိုး အသုံးပြုလို့ရပါတယ်။
[Zawgyi]
ကိုရီးယားစတိုင္လ္ တ႐ုတ္စတိုင္ ေရာသမေမႊေလးေၾကာ္ၿပီး ကိုယ္ပိုင္ အရသာေလး တီထြင္ ဖန္တီးၿပီး သူငယ္ခ်င္းမ်ား ျမည္းခိုင္းတဲ့ အခါ အားရပါးရ စားသံုးတာကို ျမင္ရေတာ့ ဝမ္းသာေပ်ာ္ရႊင္မိတယ္။ အားလံုးလည္း အားရပါးရ ျပန္လည္ေၾကာ္စားလို႔ရေအာင္ ေခါက္ဆဲြေၾကာ္နည္းေလး ျပန္ရွယ္လိုက္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ကိုရီးယားဝက္အူေခ်ာင္းေသး – ၁၇၅ ဂရမ္ (ပါးပါး ေစြေစာင္းေလးေတြ လွီးထားပါ)
- ၾကက္ဥေခါက္ဆဲြ – ၃၂ဝ ဂရမ္ (တစ္ထုပ္၊ ျပဳတ္ထားပါ)
- ကင္မ္ခ်ီ – ၁၆ဝ ဂရမ္ (ပါးပါးေလးေတြ လွီးထားပါ)
- ၾကက္ဥ – ၂ လံုး (ေမႊေၾကာ္ထားပါ)
- ပဲငံျပာရည္ – စားပဲြဇြန္း ၂ ဇြန္း
- ကိုရီးယားင႐ုတ္သီးႏွစ္ – စားပဲြဇြန္း ၃ ဇြန္း
- ကန္ႏိုလာဆီ – စားပဲြဇြန္း ၃ ဇြန္း ခဲြ
- မုန္လာဥနီ – ၁ ဥ (အခြံခြာၿပီး ပါးပါးေခ်ာင္းေလးေတြ လီွးထားပါ)
- ရွမ္းနံနံ – ၃ ပင္ (ခပ္ရွည္ရွည္ေလးေတြ ျဖတ္ထားပါ)
- ၾကက္သားမႈန္႔ – စားပဲြဇြန္း ၃ ဇြန္းခြဲ (မထည့္လည္းရပါတယ္)
- ဆား – အနည္းငယ္ (ကိုယ့္အရသာအတိုင္း ထည့္ပါ)
- ေဂၚဖီ
ၿပဳလုပ္နည္း
- ဒယ္အိုးႀကီးထဲ ဆီထည့္အပူေပးပါ။ ဒယ္အိုးပူလာလွွ်င္ ဝက္အူေခ်ာင္းမ်ား ထည့္ေၾကာ္ပါ။ ဝက္အူေခ်ာင္း အညိဳေရာင္သန္းလာလွ်င္ ကင္မ္ခ်ီႏွင့္ မုန္လာဥထည့္ၿပီး ၃ မိနစ္ ေလာက္ေၾကာ္ပါ။ ၿပီးလွ်င္ ေဂၚဖီထည့္ၿပီး ၂ မိနစ္ေလာက္ ေၾကာ္ၿပီးလွ်င္ မီးမွ်င္မွွ်င္ေလးျဖင့္ ပဲငံျပာရည္၊ င႐ုတ္သီးအႏွစ္မ်ား ထည့္ၿပီး ေသခ်ာႏွံ႔ေအာင္ေမႊပါ။
- ေခါက္ဆဲြကို အထုပ္မွာပါတဲ့ အညႊန္းအတိုင္း ျပဳတ္ထားပါ။ ျပဳတ္ထားေသာ ေခါက္ဆဲြကို ေရေအးနဲ႔ေဆးပါ။ ေရစင္ေအာင္စစ္ၿပီး ဆီအနည္းငယ္ ခပ္ဖြဖြေလးနယ္ထားပါ။ ၾကက္ဥကို ခေလာက္ၿပီး အသင့္ေမႊေၾကာ္ေလး ေၾကာ္ထားပါ။
- အသီးအရြက္မ်ားထဲ ေခါက္ဆဲြေရာပါ အားလံုးႏွွံ႔ေအာင္ ခပ္ဖြဖြေလး ေမႊေပးပါ။ ၾကက္သားမႈန္႔ျဖဴးပါ။ ၃-၄ မိနစ္ေလာက္ ေသခ်ာႏွံ႔ေအာင္ေမႊၿပီး ေၾကာ္ပါ။ ေခါက္ဆဲြႏူးအိ အသီးအရြက္မ်ားလည္း ႏြမ္းလာလွ်င္ ဆားျမည္းၿပီး လိုတာထပ္ျဖည့္ပါ။ အသင့္ေၾကာ္ထားေသာ ၾကက္ဥေၾကာ္ေလးကို ေခါက္ဆဲြေပၚမွာ အသာျဖဴးၿပီး ႀကိဳက္ႏွစ္သက္သလို ပူပူေလးသံုးေဆာင္ပါ။
မွတ္ခ်က္ – ဝက္အူေခ်ာင္းအစား တျခားအသားမ်ားကို အစားထိုး အသံုးျပဳလို႔ရပါတယ္။