အားလုံးပဲ မင်္ဂလာပါ။ အသားလုံးကြော် ကြွပ်ကြွပ်ရွရွလေးကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်သားလုံး ချိုချဉ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ သို့မဟုတ် ကြိတ်စက်ဖြင့် ကြိတ်ထားပါ)
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၂၀ ဇွန်းခန့်
  • ကြက်ဥ ၁ လုံး
  • ဓားပြားရိုက်ကာ နုပ်နုပ်စဉ်းထားသော နာနတ်သီး စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ဟင်းချက်ဆီ အနည်းငယ်

ချိုချဉ်ဆော့စ် ပြုလုပ်ရန်လိုအပ်သော ပါဝင်ပစ္စည်းများ

  • Ketchup စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ကြက်သား၊ ပေါင်မုန့်အကြေအစများ၊ ကြက်ဥ ၁ လုံး၊ နာနတ်သီး၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ရောနယ်ပါ။

၂။ သမအောင် နယ်ပြီးတဲ့နောက်မှာတော့ ကြက်သားလုံး အလုံးသေးသေးလေး လုံးပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီးနောက် ဟင်းချက်ဆီ ထည်ပါ။ ဆီပူလာပါက ကြက်သားလုံးများထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ကြက်သားလုံးများ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပါ။

၄။  ကြက်သားလုံးများ ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်လုံးထဲသို့ ဆယ်ထည့်ထားပါ။

၅။ တစ်ဖန် ချိုချဉ်ဆော့စ် ပြုလုပ်ရန်အတွက် ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီးနောက် ချိုချဉ်ဆော့စ်၏ ပါဝင်ပစ္စည်းများအားလုံး လောင်းထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ပွက်ပွက်ဆူလာအောင် တည်ပါ။

၆။ ချိုချဉ်ဆော့စ်က အတန်ငယ် ပျစ်သွားပြီဆိုရင်တော့ ကြက်သားလုံးများပေါ်သို့ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားလုံး ချိုချဉ်ကြော်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source:  Joyousapron.com