တချို့ပန်းသီးတွေက ဝယ်ပြီးရင် အရမ်းမာနေတာတို့မချိုတာတို့ဆိုရင် ဂျုံနဲ့ကြော်စားကြည့်ပါ။ အရမ်းကောင်းပါတယ်။ လုပ်ရတာလဲ လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းသီး အခွံနွှာပြီးအတုံးလေးတွေတုံး (၃ခွက်)

ဂျုံ မှုန့် – ၁ခွက်ခွဲ

သကြား – ထမင်းစားဇွန်း ၁ ဇွန်း

Baking Powder လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ရိုးရိုးဆော်ဒါကိုသုံးရင် ဆော်ဒါ အနည်းငယ်)

ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

နွားနို့ – ခွက်သုံးပုံ နှစ်ပုံ

ကြက်ဥ – ၂လုံး

ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ဂျုံ၊ သကြား၊ Baking Powder၊ ဆားတို့ကိုနှံအောင်မွှေပါ။ ပြီးလျှင် ကြက်ဥကို ခေါက်ပြီးထည့်ပါ။ နွားနို့၊ ဆီထည့်ပြီး နှံ့အောင် မွှေပါ။

ကြော်ရန် ဆီကို အပူပေးပြီး ဆီပူလာရင် ထမင်းစားဇွန်းနဲ့ တဇွန်းဆီ ခပ်ပြီး ဆီအိုးထဲမှာ ထည့်ကြော်ပါ။

တဖက်ကို ငါးမိနစ်ခန့်ကြော်ပါ။ (သို့) အညိုရောင်သန်းလာသည်အထိ ကြော်ပါ။

ပြီးလျှင် ဆီစစ်ပြီးတော့ ပန်းသီးကြော် ပူပူလေးကို သကြားဖြူး စားပါ။ သစ်ကြပိုးခေါက် အမှုန့်ကြိုက်လျှင် သစ်ကြပိုးခေါက် အမှုန့်နှင့် သကြားကို ဆတူရောပြီး ပန်းသီးကြော် ပေါ်မှာ ဖြူးစားပါ။

Credit: Ei San’s Homemade Inspiration