Sweet Potato Rice – ကန်ဇွန်းဥ ထမင်းပေါင်း ပြုလုပ်နည်းလေး ပြောပြပါမယ်။  ကိုရီးယား လိုတော့ Gogumabap လို့ ခေါ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ကန်ဇွန်းဥ – ၄၅၀ ဂရမ်
  • ဆန် – ၁ ခွက် (၂၅၀ ဂရမ်)
  • သီဟိုစေ့ – (အနည်းငယ်)
  • စလေဇီးသီးခြောက် – (အနည်းငယ်)
  • (ဆော့ – ပြုလုပ်ရန်)
  • ငံပြာရည် Soy-sauce – ၄ ဇွန်း(စားပွဲတင်ဇွန်း)
  • ပျားရည် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ရှာလကာရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်မြိတ် – (အနည်းငယ်)
  • ကြက်သွန်ဖြူ – ၁ မွှာ
  • ကိုရီးယားငရုပ်မှုန့် – ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
  • နှမ်းဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

ပထမဆုံး ဆန် ၁ ခွက်ကို ရေဖြင့် သုံးကြိမ်ခန့် ပြောင်အောင် ဆေးကာ ရေ ၁ခွက်နှင့် တစ်ဝက် ထည့်ကာ မိနစ် ၂၀ ခန့်စိမ်ထားပါ ။ (ဆန်ကို ထိုကဲ့သို့ ရေစိမ်ပြီးမှ ချက်ပါက ထမင်း ကျက်သွားသည့် အခါ ထမင်း အနေအထား ပိုလှပါသည်)

ထို့နောက် ကန်ဇွန်းဥ အစိမ်းကို အခွံနွှာပြီး လက်တစ်ဆစ်ခန့်အရွယ် အတုံးလေးတွေလှီးပြီး ရောထည့်ပါ ။ သီဟိုစေ့ နှင့် ဇီးသီးခြောက် အနည်းငယ်စီ ထည့်ကာ ထမင်းချက်သည့် အတိုင်းချက်ပါ ။

ထမင်းကို ရေခမ်း ချက်နိုင်သလို ထမင်းပေါင်းအိုးဖြင့်လည်း ချက်နိုင်ပါသည် ။   ကျက်သွားပါက ပန်းကန်လုံး တစ်ခုထဲသို့ ထည့်ကာ စားသုံးနိုင်ပါသည် ကိုရီးယား လူမျိုးများသည့် ဆော့ပြုလုပ်ပြီး ကန်ဇွန်းဥ ထမင်းထဲသို့ ထည့်ကာ စားသုံးကြပါသည် ။

( ဆော့ – ပြုလုပ်နည်း)

ဆော့ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (ငံပြာရည် +ပျားရည် +ရှာလကာရည်) တို့ကို ပါဝင် အချိုးအစား အတိုင်း ထည့်ပါ ။

ကြက်သွန်မြိတ် အနည်းငယ် ပါးပါးလှီး ထည့်ပါ ။  ကြက်သွန်ဖြူကို နုပ်နုပ်စင်း ထည့်ပါ ။

ကိုရီးယား ငရုပ်သီးမှုန့် နှင့် နှမ်းဆီ ထည့်ကာ ရောမွှေပြီး ဆော့ပြု လုပ်ကာ ကန်ဇွန်းဥ ထမင်းပေါင်း ထဲသို့ လိုသလောက်မျှသာ အနည်းငယ် ထည့်ပြီး အရသာ ထူးခြားစွာဖြင့် ကိုရီးယားစတိုင် စားသုံးနိုင်ကြပါသည်။

Credit: ဇွဲသုသု