အရည်စပ်စပ် ဟင်းလေးပါ။
ပါဝင်ပစ္စည်းများ
- မကျီးသီးစိမ်း – ငါးကျပ်သား၊ မျှစ် – တစ်ဆယ်သား
- ပုဇွန် – တစ်ဆယ်သား
- ကြက်သွန်နီ – သုးံလုံး၊ ကြက်သွန်ဖြူ – သုးံတတ်
- ခရမ်းချဉ်သီး – နှစ်လုးံ
- ငရုတ်သီးစိမ်း – ငါးတောင့်၊ ဗမာ နံနံ – တစ်စီး
- ဆီအနဲငယ်၊ ဆား၊ ဆနွမ်း
ပြုလုပ်ပုံ
မကျီးသီးစိမ်းကို ဆားအနဲငယ်ထည့်ပြီး ထောင်းထားပါ။ မျှစ်ကို ပြုတ်ပြီး အနေတော် တုံးထားပါ။ ပုဇွန်ကို သန့်စင်ပြီး ဆား၊ ဆနွမ်း နယ်ထားပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ရောကြိတ်ထားပါ။ အိုးထဲ ဆီထည့်ပြီး ဆနွမ်းခတ်ပါ။ ကြိတ်ထားတဲ့ အမယ်များကို ထည့်၍ ဆီပြန်အောင်ထားပါ။ ကျက်လျှင် မကျီးသီး ထည့်ပါ။ ရေအနဲငယ်ထည့်၍ ခဏဖုံးထားပါ။
ထို့နောက် မျှစ်ထည့်၍ ခဏထားပါ။ ပြီးလျှင် ပုဇွန်ထည့်ပါ။ ရေလိုသလောက်ထည့်ပြီး အချိုငန် မြည်းပါ။ ငရုတ်သီးစိမ်းခွဲထည့်ပြီး နံနံပင်အုပ်၍ သုးံဆောင်နိုင်ပါပြီ။
Credit: Daw Suu Suu