ပါဝင်ပစ္စည်းများ
- မန်ကျည်းသီးစိမ်း
- ပုဇွန်ခြောက် (ထောင်းထားပါ)
- ငပိ
- ငရုတ်သီးစိမ်း
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဆနွင်းမှုန့်
- အရောင်တင်မှုန့်
- ဆီ
- ဆား
- ငံပြာရည်
- ဟင်းချိုမှုန့်
ပြုလုပ်နည်း
မန်ကျည်းသီးစိမ်းကို ဆားနဲ့ ဆေး ပြီးရင် ၊ ဆားထဲ ထည့်ပြီး ထောင်းပါ။ ကြိတ်ရင် ကြမ်းပါတယ်။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဆီသပ်ပါ။
ဆီသပ် ကြက်သွန် အရောင် ဝါသွားလျင် ဆနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ထောင်းထားသော ပုဇွန်ခြောက် ၊ ငပိတို့ တခါတည်း ထည့်ရျ် ကြော်ပါ ။
ပြီးလျင် ထောင်းထားသည့် မန်ကျည်းသီးစိမ်းကို ထည့်ရျ် နှံ့စပ်အောင် မွှေပြီး အဖုံး အုပ်ထားပါ။
ခဏကြာလျင် ရေ ၊ ငံပြာရည် ၊ ဆား ၊ ဟင်းချိုမှုန့်တို့ ထည့်ပြီး အဖုံးကို ပြန်အုပ်ထားပါ။
ရေကျဲကျဲနဲ့ စားချင်ရင်တော့ ရေကုန်ရျ် ခြောက်သည်အထိ မထားဘဲ စားရျ် ရပါပြီ။
မီးဖိုပေါ်မှ ချကာနီးတွင်ငရုတ်သီးစိမ်း အုပ်လိုက်ပါ။ အချို အငန် လိုအပ်ရင် ထည့်နိူင်ပါတယ်။
Credit: Phyu Phyuhnin