ပါဝင်ပစ္စည်းများ
- မန်ကျည်းသီး ၁ ဗူး (နို့ဆီဗူး/ ထောင်းထားပါ)
- ခရမ်းချဉ်သီး ၇ လုံး (ပါးပါးလှီးထားပါ)
- မျှင်ငပိ အနည်းငယ်
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၅ မွှာ
- နနွင်းနှင့် အရောင်တင်မှုန့် အနည်းငယ်
- ငရုတ်သီးစိမ်း ၁၂ တောင့်
- ဆီ ၃ ကျပ်သား
- ဆား အနည်းငယ်
ပြုလုပ်နည်း
၁။ မန်ကျည်သီးစိမ်းများကို အပေါ်မှ အညစ်အကြေး ဖုံများစင်အောင် ရေဆေးပြီး ထောင်းထားပါ ။
၂။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို နနွင်း ၊ အရောင်တင်မှုန့် တို့နှင့် ဆီသတ်ပါ ။
၃။ နွမ်းသွားလျှင် ခရမ်းချဉ်သီးကို ထည့်၍ နွမ်းအောင် ဆီသတ်ပါ ။ ပြီးလျှင် မျှင်ငပိ အနည်းငယ်ကို ထည့်ပါ ။
၄။ အားလုံး အနှစ်ဖြစ်သွားလျှင် ထောင်းထားသော မန်ကျည်းသီး နှင့် ဆား အနည်းငယ်ကို ထည့်၍ အနှစ်များနှင့် နှံ့စပ်အောင် နယ်ကာ ရေနွေး အနည်းငယ် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်လက်၍ တည်ထားပါ ။
၅။ ရေခမ်းခါနီးတွင် ငရုတ်သီးစိမ်းကို ထည့်ပါ။
၆။ ပြီးလျင် အပေါ့ ၊ အငန် မြည်းပြီး မိမိနှစ်သက်သော အရသာ ရလျှင် အိုးပေါ်မှ ချ၍ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar