ပါဝင်ပစ္စည်းများ
- ပုစွန်
- ဆား
- နနွင်း
- မျှစ်စိမ်း
- ပုစွန်ငပိ
- ဟင်းခတ်မှုန့်
- ဓညင်းသီး
- ဆန်လှော်မှုန့်
- ဆူးပုတ်
- ရုံးပတီ
- ရွက်စုံ မ်း
- ပင်စိမ်း
- ငရုတ်သီးစိမ်း
ပြုလုပ်နည်း
တာလပေါဟင်းက ပုစွန်ကို ဆား ၊ နနွင်းနယ်ပြီး ကျက်ရုံ လှော်ထားပါ။
မျှစ်စိမ်းကို အပူကုန်သွားအောင် ပြုတ်ပြီး ပြုတ်ရေသွန် ပြစ်ပါ။
မျှစ်ကို နောက်တခါ ထပ်ပြုတ်ပြီး ပုစွန်ထည့်၊ ပုစွန်ငပိ၊ ဆား၊ ဟင်းခတ်မှုန့်ထည့်၊ ဓညင်းသီးထည့်၊ ဆန်လှော်မှုန့် ရေဖျော်ထည့်၊ ဆူးပုတ်၊ ရုံးပတီစတဲ့ ကြိုက်ရာ ရွက်စုံလေး ထည့်ပြီး နောက်ဆုံးမှ ပင်စိမ်းလေးအုပ်ပြီး ချပါ။
ငရုတ်သီးစိမ်းလေးပါ ထည့်ရင် ပိုကောင်းမယ် ထင်တယ်။ မမက မထည့်လိုက်ရဘူး။
Credit: မိုး တိမ်တိုက်