အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချဉ်ချဉ်စပ်စပ်လေး စားချင်သူတွေအတွက် ဟင်းကောင်းလေးတစ်မျိုးကို ပြောပြပေးချင်ပါတယ်။ သုပ်စားစား၊ ဟင်းချိုချက်စားစား စားလို့အလွန်ကောင်းတဲ့ မန်ကျည်းရွက်လေးနဲ့ဆိုတော့ စားလို့အလွန်မြိန်မှာ အသေချာပါပဲ။
ပါဝင်ပစ္စည်းများ
- ဒန့်သလွန်သီး
- မန်ကျည်းရွက်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ပုဇွန်ခြောက်
- ခရမ်းချဉ်သီး
- ငပိ
- ဆား
- ဆနွင်း
- အရောင်တင်ဆီ
- ရေ လိုသလောက်
- ငြိုပ်သီးစိမ်း
ပြုလုပ်နည်း
- ဒန့်သလွန်သီးကို မီးပြပြီး နှစ်ခြမ်းခွဲပါ။ စတီးဇွန်းနဲ့ ဒန့်သလွန်သီး အသားများ ခြစ်ထားပါ။ မန်ကျည်းရွက်များကို သန့်စင်ထားပါ။
- ချက်မည့်အိုးထဲ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ ခရမ်းချဉ်သီး ၊ ငပိ ၊ ဆား ၊ ဆနွင်း ၊ အရောင်တင် ဆီ တို့ထည့်ပြီး ဆီသက်ပါ။
- ကျက်လျင် ခြစ်ထားတဲ့ ဒန့်သလွန်သီးများကို ထည့်ပါ။
- ခဏထားပြီး မန်ကျည်းရွက် ထည့်ပါ။ တပတ် မွှေပြီး အဖုံးပိတ်ထားပါ။
- ကျက်တော့ ရေ လိုသလောက် ထည့်ပြီး ဆူအောင် ဟင်းရည် ကျအောင် တည်ပါ။ ငြုပ်သီးစိမ်း ထည့်၊ အချိုငံမြည်းး သုးံဆောင် နိုင်ပါသည်။
Credit: Daw Suu Suu