အားလုံးပဲမင်္ဂလာပါ။ ကျောင်းပိတ် ရုံးပိတ်အားလပ်ရက်လေးမှာ ချစ်ရတဲ့မိသားစုနဲ့ အတူအရသာရှိတဲ့ဟင်းလျာလေးတွေချက်ပြုတ်စားသောက်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ကလေးတွေရောလူကြီးတွေပါ အကြိုက်တွေ့စေမယ့် အီတလီစတိုင် ခရမ်းချဉ်သီးအသားလုံးဟင်း ချက်နည်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ပါဝင်ပစ္စည်းများ

  • အမဲသား ၅၀၀ ဂရမ်
  • ဝက်သား ၅၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ခရမ်းချဉ်သီး ၄ လုံး
  • ပေါင်မုန့်ခြောက်မှုန့် ၂ ဇွန်း
  • တရုတ်နံနံ ၄ ပင်
  • ပင်စိမ်း ၅ ရွှက်
  • ချိစ်အမာ ၁၀၀ ဂရမ်
  • ငရုပ်ကောင်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး ဇလုံတစ်ခုအတွင်း နုတ်အမဲသားနဲ့ဝက်သားတို့ကိုထည့်ပါ။အမဲသားနဲ့ဝက်သားကို ကြိတ်ပြီးသားအလွယ် တကူ ဝယ်လို့အဆင်မပြေရင်လည်း အိမ်မှာ Blender ဖြင့်ကြိတ်လို့ရသလို ဓားဖြင့်နုတ်နုတ်ဆင်းလို့လည်းရနိုင်ပါတယ်။ထို့ နောက်ကြက်ဥနှစ်လုံးဖောက်ထည့်ပါ။ဝက်သားနဲ့အမဲသား၂ မျိုးရောသုံးခြင်းအားဖြင့် အသားလုံးရဲ့အရသာပိုကောင်းစေပါတယ်။

(၂) ကြက်သွန်နီ ကြက်သွန်ဖြူ ပင်စိမ်း တရုတ်နံနံပင်တို့ကိုလည်း နုတ်နုတ်ဆင်းပြီး ခုနက ဇလုံအတွင်းအသားနဲ့ အတူရောနယ်ပေးပါ။ထို့နောက် ပေါင်မုန့်ခြောက်အမုန့်ကိုရောထည့်ပြီး ဆားနဲ့ငရုပ်ကောင်းမှုန့်တို့ထည့်ကာ သမအောင်နယ်ပေးပါ။ နောက်ဆုံးမှာတော့ ချိစ်အမာသားကို အပေါ်ကနေ ခြစ်ပြီးထည့် ပးပါ။ပါဝင်ပစ္စည်းအားလုံးထည့်ပြီပြီးဆိုရင်တော့ အနေတော် အလုံးလေးတွေလုံးပြီး ကြော်ဖို့အဆင်သင့်ပြင်ဆင်ထားပါ။

(၃) ဒယ်အိုးတစ်ခုအတွင်း ဟင်းရွှက်ဆီထည့်ပြီး မီးအနေတော်ဖြင့် အပူပေးပါ။ဆီဆူလာပြီဆိုရင်တော့ ခုနကအသားလုံးလေးတွေကို တစ်လုံးခြင်းစီဆီပူထဲထည့်ပြီးကြော်ပေးရပါမယ်။ ၃ မိနစ်ခန့် ကြော်ပြီးကျက်သွားပြီဆိုရင်တော့ ဇကာ တစ်ခုအတွင်းဆီစစ်ပြီ ကျန်တဲ့အသားလုံးလေးတွေကိုဆက်ကြော်ပေးပါ။အသားလုံးကြော်နေစဉ် နောက်ထပ်တစ်လုံးနဲ့ ခရမ်းချဉ်သီး ၄ လုံးကို ပြုတ်ထားပေးပါ။

(၄) အသားလုံးလေးတွေအားလုံးကြော်ပြီပြီဆိုရင်တော့ ဇကာတစ်ခုအတွင်း ဆီစစ်ထားပေးရပါမယ်။ ထို့နောက် နောက်ထပ်ဒယ်အိုးတစ်ခုအတွင်း ဆီ၂ဇွန်းခန့်ထည့်ကာ ကြက်သွန်နီ ကြက်သွန်ဖြူအနည်းငယ်ကိုဆီသပ်ပေးရပါမယ်။ကြက်သွန်လေးတွေရွှေရောင်သန်းလာပြီဆိုရင်တော့ ပြုတ်ထားတဲ့ခရမ်းချဉ်သီကို ထည့်ပြီးမွှေပေးပါ။

(၅) ခရမ်းချဉ်သီးအားလုံးပျော်သွားသည်အထိ ချက်ပြီးပြီဆိုရင် တော့ ခုနကကြော်ထားတဲ့အသားလုံးလေးတွေထည့်ကာ ၃ မိနစ်ခန့် ချက်ပေးရပါမယ်။ဒါဆိုရင်တော့ တကယ့်ကိုလွယ်ကူ ရိုးရှင်းပြီး အချိန်လည်းအများကြီးပေးစရာမလိုတဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီးအသားလုံးဟင်းလေးရပါပြီ။

Source : cookingclassy