ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား – ၅၀ ဂရမ် (အတုံးသေးသေးလေးတွေ တုံးထားပါ) ေ
- ကြော်ထားတဲ့ သီဟိုဠ်စေ့ – ၅၀ ဂရမ်
- ပြောင်းဖူးအသေးလေးတွေ – အနည်းငယ်
- မှို – အနည်းငယ်
- ကြက်သွန်နီခပ်ကြီးကြီး – တစ်လုံးရဲ့ တစ်ခြမ်း
- ကြက်သွန်ဖြူ – အနည်းငယ်
- ငရုတ်သီးအခြောက် – ၁ တောင့် (သို့) ၂ တောင့်
- ကြက်သွန်မြိတ် – ၁ ပင် (သို့) ၂ ပင်
- ဆီ ထမင်းစားဇွန်း – ၂ ဇွန်း
- ရေ ထမင်းစားဇွန်း – ၂ ဇွန်း
- ခရုဆီ ထမင်းစားဇွန်း – ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း – ၁ ဇွန်း
- ပဲငံပြာရည်အကျဲ – ထမင်းစားဇွန်းတစ်ဝက်
- ပဲငံပြာရည်အပျစ်ရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်
ပြင်ဆင်ပြုလုပ်နည်း
ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ကြက်သွန်နီကိုတော့ အတုံးသေးတွေတုံးပါ။ ပြောင်းဖူး အသေးလေးတွေနဲ့ မှိုတွေကိုလည်း လှီးချွတ်ထားပါ။
အားလုံးပြီးပြီဆိုရင် ဒယ်အိုးထဲ ဆီထည့်ပြီး မီးအနေတော်လောက်နဲ့ တည်ပါ။ ဆီပူလာပြီဆိုရင် ကြက်သား၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီး အခြောက်တောင့်တွေကို ထည့်ကြော်ပါ။ အသားတွေ တော်တော်လေး ကျက်လာတဲ့အထိ မွှေကြော်ကြော်ပေးပါ။
အသင့်လှီးချွတ်ထားတဲ့ ကြက်သွန်နီ၊ ပြောင်းဖူးအနုနဲ့ မှိုတို့အပြင် သီဟိုဠ်စေ့နဲ့ ရေပါ ထည့်ချက်ပါ။ အိုးထဲမှာ တရှဲရှဲနဲ့ အသံတွေ ထွက်လာပါလိမ့်မယ်။ အဲဒါဆိုရင် ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ အပျစ်နဲ့ သကြားတို့ ထည့်လိုက်ပြီး အားလုံးနှံ့သွားအောင် မွှေပေးကာ အရသာ မြည်းကြည့်ပါ။
စိတ်ကြိုက် ဖြစ်ပြီ ဆိုရင် ဟင်းအိုးကို ၁၀ စက္ကန့်လောက်ထားပြီး ကြက်သွန်မြိတ်အုပ်ကာ မီးပိတ်လို့ရပါပြီ။ (အစပ်ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီးတောင့်တွေကို ပိုထည့်နိုင်ပါတယ်။)
Credit: ဗေဒါရီ