ကြက်ဖက်ထုပ်ကြော်နဲ့ ကြက်ပုစွန်ဖက်ထုပ်ကြော်ကို ဆီချက်ခေါက်ဆွဲနှင့် ထမင်းလွတ် စားတတ်ကြသည် ။
ပါဝင်ပစ္စည်းများ
- ကြက်သား၊ ပုစွန်၊ ဂေါ်ဖီ၊ ကုချိုင်
- ကြက်သွန်နီ၊ ကြက်သွန်ုဖူး၊ ဂျင်း
- ပဲငံပြာရည် အနောက်၊ ပဲငံပြာရည် အကြည်
- နှမ်းဆီ၊ ဆား
- ငြုပ်ကောင်းမှုန့်၊ ကော်မှုန့်
ပြုလုပ်နည်း
ကြက်သားကို နုတ်နုတ်စင်း ထားပြီး တဝက်စီ ခွဲထားပါ ။ ပုစွန်ကိုလည်း နုတ်နုတ်စင်းပါ ။ (ကြိတ်စက်မသုံးချင်လို့ပါ) ဂေါ်ဖီ ၊ ဂေါ်ဖီထုပ် ၊ ကုချိုင် ၊ ကြက်သွန်နီ တို့ကို တောက်တောက်စင်းပီး အရည်ညှစ်ထုတ်ပါ ။
ကြက်သွန်ုဖူး ၊ ဂျင်း ၊ ပဲငံပြာရည် အနောက် ၊ ပဲငံပြာရည် အကြည် ၊ နှမ်းဆီ ၊ ဆား ၊ ငြုပ်ကောင်းမှုန့် ၊ ကော်မှုန့် ကြိုက်နှစ်သက်ရာ အသား ထည့်နယ်ပါ။ ဒယ်အိုး အပြန့့်ကို အပူပေးပြီး ဖက်ထုတ်ဖင်ကို ဒယ်အိုး အပူမှာ ကပ်အောင် အမြန် ထည့်ထည့်သွားပါ ။
ရေကို ဖက်ထုပ်ရဲ့ အလယ်တဝက် မြုပ်ယုံပဲ ထည့်ပြီး အဖုံးပိတ်ထားပါ ။ ရေခမ်းတာနဲ့ ဆီနဲနဲကို နံှ့အောင် ဘေးကဝှိက်ထည့်ပါ ။ နီကြွပ်လာရင် ပန်းကန်ထဲသို့ ဇွန်းအပြားနဲ့ ထိုးကော် မထည့်ပါ ။
***( နောက်တမျိုးက ကော်ရည်ဖျော်ထားပီး ဖက်ထုပ်ဘေး တစ်ဝိုက်ကို ဝှိုက်ဖြန်းလောင်း ထည့်ပေးပါ ။ ဒါဆိုရင် ဖက်ထုပ်ကို အချပ်လိုက် ထိုးကော်လို့ရပါမယ် ။ ပိုလည်း စားကောင်း ပါတယ်။)
တွဲဖက်စားရန်ဆော့စ် – ပဲငံပြာရည် အနောက် ၊ ပဲငံပြာရည် အကြည် ၊ ရှလကာရည် ၊ နှမ်းဆီ ၊ တရုတ်ငြုပ်ဆီ အနီ
Credit: Themar Tun