အိမ်မှာကြွေတဲ့ သရက်သီးမို့ အစေ့မယှက်သေးတဲ့ သိပ်မရင့်တဲ့ အနေကို သုံးပါတယ် ။
ပါဝင်ပစ္စည်းများ
- သရက်သီး
- ဆား
- သကြား
- ဆေးသကြားခဲ
- ဆီ
- ငြုပ်သီး အရောင်တင်မှုန့်
- နံသာစေ့
- ဖာလာစေ့
- မဆလာ
- ကြက်သွန်ဖြူ
ပြုလုပ်နည်း
- သရက်သီးကို အလုံးလိုက် ရေဆေးပြီး ရေစစ်ပါ။ လေးစိပ်စိတ်ပြီး တဝက်စီ ပြန်တုံးပါ။ ဇလုံတခုထဲ ထည့်ပြီး သရက်သီး အနည်းအများ ကြည့်ပီး ဆားသင့်ရုံ ထည့်နယ်ပါ။
- နေပူပူမှာ အဖုံးမအုပ်ဘဲ ၄ရက်ခန့် လှမ်းပေးပါ။ နောက်နေ့ နေလှမ်းတိုင်း သမအောင် လှုပ်ပေးပါ။ သူ့အလိုလို ထွက်လာတဲ့ အရည် အနည်းအများပေါ် မူတည်ပြီး ၃ရက် (သို့မဟုတ်) ၄ရက် လှန်းရပါတယ်။
- နောက်ဆုံး လှန်းမဲ့နေ့ကျမှ သကြားနဲ့ ဆေးသကြားခဲကို (အချိုကြိုက်ရင် ဆေးသကြားခဲလေး ပိုထည့်ပေါ့နော်) ထဲ့နယ်ပြီး နေတရက် လှန်းလိုက်ပါ။ အဲ့အချိန်မှာ အရည်က မခန်းတခန်း ဖြစ်ရပါမယ်။ အစိမ်းသနပ် ဆိုတော့ တအားခြောက်အောင် လှန်းရင်မာ သွားပါတယ် ။
- သရက်သီး မြှပ်လောက်အောင် ဆီအနေအထားကို ချက်ပြီး ဆီဆူရင် အိုးကို မီးဖိုပေါ်မှ ချ၍ နှစ်သက်ရာ အမွှေးအကြိုင်များ(နံသာစေ့၊ဖာလာစေ့ ၊ မဆလာ) တို့နဲ့ ငြုပ်သီး အရောင်တင်မုန့်တို့ကို ဆီသပ်ပါ။ လိုအပ်မှ မီးဖိုပေါ်ပြန်တင်ပါ။ (တူးလွယ်လို့ပါ) ဆီသပ် ထားတာ အေးသွားမှ သရက်သီး ထည့်မွှေပါ။ ကြက်သွန်ဖြူ ကတော့ နစ်သက်ရင် ထည့်နိုင်ပါတယ်။
Credit: Thida Aung