ကျွဲကောသီးကို အသီးအနေနဲ့ပဲ စားဖူးကြမှာပါ။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံဖက်မှာတော့ ကျွဲကောသီးကို သုပ်ပြီးစားကြပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာကျွဲကောသီးရှိတဲ့အခါ လုပ်စားကြည့်လို့ရအောင် သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ကျွဲကောသီး – ၄ မွှာ
- ငရုတ်သီးခြောက်တောင့် – ၃ တောင့်
- မြေပဲလှော် – ၁ ဇွန်း
- ခရမ်းကြွပ်သီး(အစိမ်းရောင်) – ၂ လုံး
- ပဲတောင့်ရှည် – ၂ တောင့်
- ပုစွန်ခြောက် – ၁ ဇွန်း
- ကြက်သွန်ဖြူ – ၂ တက်
- ပုစွန်ဆားစိမ် – ၇ ကောင်
- ငါးပိရည်ကြည် – ၁ ဇွန်း
- သံပုရာသီး – ၁ လုံး
- ငါးငံပြာရည် – ၁ ဇွန်း
- သကြား – ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- ကျွဲကောသီးတွေကို အမွှာထဲမှထုတ်ပြီး ခပ်မွှမွှလေး ဖွကာ အအေးခံထားပါ ။
- သစ်သားငရုတ်ဆုံ ( သို့) စဉ်ဆုံမှာ ပုဇွန်ခြောက်ကို အနည်းငယ်ပွရုံလေး ထောင်းပြီး ငရုတ်ခြောက်တောင့် ၊ ကြက်သွန်ဖြူ တွေကိုလည်း မညှက်တညှက်လေး ထောင်းပါ ။ မြေပဲလှော်လည်း ထည့်ပေါင်းပြီး ငါးပိရည်ကြည် ၊ ပုစွန်ဆားစိမ် ၊ သကြား တို့ဖြင့် အရသာသွင်းပါ ။
- ပဲတောင့်ရှည်ကို လက်မဝက်လောက်လေးတွေ လှီးပြီး ထည့်သလို ခရမ်းကြွပ်သီးတွေကိုလည်း ပါးပါးလှီးပြီး ထည့်ပါ ။ သံပုရာသီးကို အရည်ရော အခွံတွေပါ ထည့်ပေါင်းပေးပါ ။ နောက်ဆုံးမွှထားတဲ့ ကျွဲကောသီးလေးတွေ ထည့်ပြီး သမအောင် မွှပေးရုံပါပဲ ။ မိမိနှစ်သက်ရာ အရွက်လေးတွေဖြင့် တွဲဖက်စားသုံးနိုင်ပါသည် ။
Credit: ဟင်းချက်နည်းများ