MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ… ဒီတစ်ခါမှာတော့ အပြောင်းအလဲလေးဖြစ်အောင် ထမင်းကြော်ကို ထိုင်းစတိုင်လေးချက်စားကြရအောင်။ နာနတ်သီးလေးတွေပါတော့ အချိုလည်းတည်းပြီးသားဖြစ်သွားတာပေါ့နော်။ အရသာလည်းရှိ၊ စားလို့လည်းမြိန်ဆိုတော့ ကလေး၊ လူကြီးမရွေး ကြိုက်ကြမှာ အမှန်ပါပဲနော်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ (လှီးပြီးသား) – ၃ လုံး

ကြက်သွန်ဖြူ (လှီးပြီးသား) – ၂ မြွှာ

ကြက်သွန်မြိတ် (လှီးပြီးသား) – ၁ စည်း

ဝက်ပေါင်ခြောက် (လှီးပြီးသား) – တစ်ခွက်စာ

ပုစွန်အစိမ်း (အခွံခွာပြီးသား) – ၁၀ ကောင်

ထမင်း (ဆန်ဟောင်းကိုချက်ပြီးသား) – ၃ ခွက်စာ

ကြက်ဥ – ၂ လုံး

နာနတ်သီး (အတုံးလေးတွေလှီးပြီးသား) – ၁ ခွက်စာ

လှော်ပြီးသားသီဟိုစေ့ဋ္ဌ် – ခွက်တစ်ဝက်ခန့်

ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်း

ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်း

ဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား၊ ငရုတ်ကောင်းအဖြူ

ငရုတ်သီးအနီ – လှီးပြီးသား

ချက်ပုံချက်နည်း

မီးပြင်းပြင်းမှာ ဒယ်အိုးစောက်ထဲဆီထည့်ပါ။

ဆီအငွေ့ပြန်လာပြီဆိုရင် ကြက်သွန်နီများထည့်ပြီး တစ်မိနစ်ခန့်ဆီသပ်ပါ။ ကြက်သွန်ဖြူထပ်ထည့်ပါ။

အညိုရောင်သမ်းလာပြီဆိုရင် ၀က်ပေါင်ခြောက်ကိုထည့်ပြီး မြန်မြန်မွှေပေးကာ ပုဇွန်များကို ထည့်ပေးပါ။

ပုဇွန်တွေအနည်းငယ်ပန်းရောင်သမ်းလာတဲ့အခါ ဆန်ကိုရောထည့်ပြီး မွှေပေးပါ။

ငါးငံပြာရည်၊ ပဲငံပြာရည်၊ ဆားနှင့် ငရုပ်ကောင်းတို့ကို ထည့်ပြီး သမအောင်မွှေပေးပါ။

အလယ်မှာအပေါက်လုပ်လိုက်ပြီး ကြက်ဥနှစ်လုံးဖောက်ထည့်ပါ။ ဆားအနည်းငယ်ကိုလည်း ထည့်ပေးပြီး ကြက်ဥမွှေကာခဏထားပေးပါ။

ကြက်ဥတွေကျက်သွားပြီဆိုရင် ထမင်းတွေပါရောမွှေပြီး အရသာမြည်းကြည့်ပါ။ လိုအပ်ပါက ဆားထပ်ထည့်ပါ။

နာနတ်သီးထည့်ပြီး မြန်မြန်မွှေပေးပါ။ သီဟိုဋ္ဌ်စေ့ကိုလည်းရောထည့်ပြီး သမအောင်မွှေပေးပြီးလျှင်တော့ မီးပိတ်လိုက်ပါ။

ကြက်သွန်မြိတ်၊ ငရုတ်သီးတို့ဖြူးပေးပြီးရင် ချက်ချင်းစားသုံးနိုင်ပါပြီ။