မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အသားဟင်းကြိုက်တဲ့သူများအတွက် အမဲသားကို ယိုးဒယားစတိုင်လေးချက်စားနိုင်ဖို့ ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ အရသာအလွန်ရှိပြီး အပြောင်းအလဲလေးအနေနဲ့ စားသုံးနိုင်ဖို့ မျှော်လင့်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- နံနံပင်အမြစ် – ၁ ဇွန်း (စားပွဲတင်ဇွန်း၊ နုတ်နုတ်စင်း၍ ကြိတ်ထားပါ)
- ငရုပ်သီး အစိမ်းရောင်အပု – ၅ တောင့်
- အစိမ်းရောင် ဟင်းအနှစ် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
- အမဲသား – ၂၀၀ ဂရမ်
- အုန်းနို့ – ၂ ခွက်
- ငံပြာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ထန်းလျက် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဆား – ၁/၄ ဇွန်း (လက်ဖက်ရည်ဇွန်း)
- အုန်းနို့ခရင် – ၁/၂ ခွက်
- ရှောက်ဘီလူးရွက် – ၃ ရွက်
- ပင်စိမ်းအချို – ၁/၂ ခွက်
- ငရုပ်သီးစိမ်းအနီရောင် – ၁ တောင့် (စောင်းစောင်းလေးလှီးပါ)
- ဆီ – ၁.၅ ဇွန်း (စားပွဲတင်ဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
- အစိမ်းရောင် အနှစ်ကို ဆီသတ်ပါ ။ အသားများ ရောပါ။
- အုန်းနို့နှင့် အရသာများအားလုံးကို ထည့်ပါ ။
- ရှောက်ဘီလူးနှင့် အရွက်များအားလုံးကို ထည့်ပါ ။
- မီးအေးအေးလေးနဲ့သာ ချက်ရင်တော့ ပိုကောင်းမယ်ထင်တယ်နော် ။
- ခရမ်းကြွပ်သီး ၊ ခရမ်းကဇော့သီး ကတော့ ကြိုက်ရင်ထည့်ပါနော် ။
Credit: စွန်းဝူခုန်း