မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းတွေလည်းချက်မစားချင်တော့ဘူး၊ ရိုးရိုးလေးပဲ စားချင်တော့တယ်ဆိုသူများအတွက် ယိုးဒယား ငပိထမင်းကြော်ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ အရသာအလွန်ရှိပြီး စားပြီးနောက်မှာလည်း စားပဲစားချင်တယ်ဖြစ်သွားနိုင်တယ်နော်။
ပါဝင်ပစ္စည်းများ
- ထမင်းဖြူ – ၁ ပန်းကန်
- စိမ်းစားငပိ – ဇွန်းဝက်
- ငါးငံပြာရည်
- ဟင်းခတ်မှုန့် – အနည်းငယ်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ဝက်ဂုတ်သား – ၁၀ ကျပ်သား
- ပဲငံပြာရည် ချိုပျစ် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- သကြား – ၁ ဇွန်း
- ကြက်ဥ – ၁ လုံး (အချပ် ကြော်ပြီး ပါးပါး လှီးထားရန်)
- ကြက်သွန်နီ – ၁ လုံး (ပါးပါး လှီးထားရန်)
- ကြက်သွန်ဖြူ
- ပဲတောင့်ရှည် – ၃ တောင့် (ပါးပါး လှီးထားရန်)
- ပုစွန်ခြောက် – အနည်းငယ် (ကြွပ်အောင် ကြော်ထားရန်)
- ဝက်အူချောင်း – ၁ ခု (ကြော်ပြီး ပါးပါး လှီးထားရန်)
- သရက်သီးစိမ်း – ၁ ခြမ်း (အမျှင် ကြီးကြီး လှီးထားရန်)
- ငရုတ်သီးစိမ်း – ၅ တောင့် (ပါးပါး လှီးထားရန်)
- သံပုရာသီး – ၁ လုံး (အူတိုင် ဖယ်ပြီး ၃ စိတ် လှီးထားရန်)
ပြုလုပ်နည်း
- ထမင်းဖြူကို ငါးပိ နှင့် နှံ့အောင် နယ်ထားပေးပါ။ ဒယ်အိုး တစ်လုံးမှာ ဂျင်း၊ ကြက်သွန်ဖြူ အနည်းငယ်ကို ဆီသတ်ပြီး ဝက်သား ထည့်ကြော်ပါ။
- ငါးငံပြာရည်၊ သကြား၊ ပဲငံပြာရည် အပျစ် ထည့်ပြီး ရေခမ်း သည်အထိ ၁၀ မိနစ် လောက်အဖုံး အုပ်ကြော်ပါ။ အသားများ မာသွားအောင် ကြော်ချက်ဖို့ မလိုတာကို ဂရုပြုပါ။
- ဝက် ဂုတ်သားပာာ အဆီ ပေါင်းစပ် ပါဝင်တဲ့ အတွက် အချိန် အနည်းငယ်နဲ့ ကျက်တယ် ဆိုတာ ဂရုပြု သင့်ပါတယ်။
- ကြက်ဥ၊ ကြက်သွန်နီ၊ ပဲတောင့်ရှည်၊ ပုစွန်ခြောက်၊ ဝက်အူချောင်း၊ သရက်သီးစိမ်း၊ ငရုတ်သီးစိမ်း နှင့် သံပုရာသီး အားလုံး တို့ကို ကြိုတင် ပြင်ဆင်ပါ ။
- အားလုံး အဆင်သင့် ဖြစ်ရင် ထမင်း စတင် ကြော်လို့ ရပါပြီ။
- ဒယ်အိုး တစ်ခုမှာ ဆီ အနည်းငယ်ကို အပူ ပေးပြီး ဆီပူလာလျှင် ငပိကို မွှနေအောင် မွှေကြော်ပေးပါ။
- နုပ်နုပ် စဉ်းထားတဲ့ ကြက်သွန်ဖြူလေး အနည်းငယ် ထည့်ကြော်ပေးပါ ။ မွှေးလာပြီ ဆိုမှ ထမင်း ထည့်ကြော်ပါ။
- ငါးငံပြာရည်၊ ပာင်းခတ်မှုန့် တို့နှင့် အရသာ ဖြည့်စွက်ပါ။ အသား ကျအောင် ကြော်ပြီးမှ ငရုတ်ကောင်းလေး ဖြူးပေးပါ။
- ထမင်း ကြော်ကို ပန်းကန်လုံး တစ်ခုမှာ မှောက်ထည့်ပြီး ပုံပါအတိုင်း ပြင်ဆင် တည်ခင်းပါ။
** ထမင်း ကြော်မယ့် ထမင်းပာာ အနည်းငယ် မာအောင် ချက်ထားပြီး အအေး ခံထား ဖို့တော့ လိုအပ်ပါတယ်။ ပူပြီး စီးထွေးထွေး ဖြစ်နေတဲ့ ထမင်း မျိုးက ထမင်း ကြော်ရာမှာ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရဖို့ ခက်ခဲ တတ်ပါတယ်။
Credit: Original Uploade