မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းတွေလည်းချက်မစားချင်တော့ဘူး၊ ရိုးရိုးလေးပဲ စားချင်တော့တယ်ဆိုသူများအတွက် ယိုးဒယား ငပိထမင်းကြော်ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ အရသာအလွန်ရှိပြီး စားပြီးနောက်မှာလည်း စားပဲစားချင်တယ်ဖြစ်သွားနိုင်တယ်နော်။

ပါဝင်ပစ္စည်းများ

  • ထမင်းဖြူ – ၁ ပန်းကန်
  • စိမ်းစားငပိ – ဇွန်းဝက်
  • ငါးငံပြာရည်
  • ဟင်းခတ်မှုန့် – အနည်းငယ်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဝက်ဂုတ်သား – ၁၀ ကျပ်သား
  • ပဲငံပြာရည် ချိုပျစ် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • သကြား – ၁ ဇွန်း
  • ကြက်ဥ – ၁ လုံး (အချပ် ကြော်ပြီး ပါးပါး လှီးထားရန်)
  • ကြက်သွန်နီ – ၁ လုံး (ပါးပါး လှီးထားရန်)
  • ကြက်သွန်ဖြူ
  • ပဲတောင့်ရှည် – ၃ တောင့် (ပါးပါး လှီးထားရန်)
  • ပုစွန်ခြောက် – အနည်းငယ် (ကြွပ်အောင် ကြော်ထားရန်)
  • ဝက်အူချောင်း – ၁ ခု (ကြော်ပြီး ပါးပါး လှီးထားရန်)
  • သရက်သီးစိမ်း – ၁ ခြမ်း (အမျှင် ကြီးကြီး လှီးထားရန်)
  • ငရုတ်သီးစိမ်း – ၅ တောင့် (ပါးပါး လှီးထားရန်)
  • သံပုရာသီး – ၁ လုံး (အူတိုင် ဖယ်ပြီး ၃ စိတ် လှီးထားရန်)

ပြုလုပ်နည်း

  1. ထမင်းဖြူကို ငါးပိ နှင့် နှံ့အောင် နယ်ထားပေးပါ။ ဒယ်အိုး တစ်လုံးမှာ ဂျင်း၊ ကြက်သွန်ဖြူ အနည်းငယ်ကို ဆီသတ်ပြီး ဝက်သား ထည့်ကြော်ပါ။
  2. ငါးငံပြာရည်၊ သကြား၊ ပဲငံပြာရည် အပျစ် ထည့်ပြီး ရေခမ်း သည်အထိ ၁၀ မိနစ် လောက်အဖုံး အုပ်ကြော်ပါ။ အသားများ မာသွားအောင် ကြော်ချက်ဖို့ မလိုတာကို ဂရုပြုပါ။
  3. ဝက် ဂုတ်သားပာာ အဆီ ပေါင်းစပ် ပါဝင်တဲ့ အတွက် အချိန် အနည်းငယ်နဲ့ ကျက်တယ် ဆိုတာ ဂရုပြု သင့်ပါတယ်။
  4. ကြက်ဥ၊ ကြက်သွန်နီ၊ ပဲတောင့်ရှည်၊ ပုစွန်ခြောက်၊ ဝက်အူချောင်း၊ သရက်သီးစိမ်း၊ ငရုတ်သီးစိမ်း နှင့် သံပုရာသီး အားလုံး တို့ကို ကြိုတင် ပြင်ဆင်ပါ ။
  5. အားလုံး အဆင်သင့် ဖြစ်ရင် ထမင်း စတင် ကြော်လို့ ရပါပြီ။
  6. ဒယ်အိုး တစ်ခုမှာ ဆီ အနည်းငယ်ကို အပူ ပေးပြီး ဆီပူလာလျှင် ငပိကို မွှနေအောင် မွှေကြော်ပေးပါ။
  7. နုပ်နုပ် စဉ်းထားတဲ့ ကြက်သွန်ဖြူလေး အနည်းငယ် ထည့်ကြော်ပေးပါ ။ မွှေးလာပြီ ဆိုမှ ထမင်း ထည့်ကြော်ပါ။
  8. ငါးငံပြာရည်၊ ပာင်းခတ်မှုန့် တို့နှင့် အရသာ ဖြည့်စွက်ပါ။ အသား ကျအောင် ကြော်ပြီးမှ ငရုတ်ကောင်းလေး ဖြူးပေးပါ။
  9. ထမင်း ကြော်ကို ပန်းကန်လုံး တစ်ခုမှာ မှောက်ထည့်ပြီး ပုံပါအတိုင်း ပြင်ဆင် တည်ခင်းပါ။

** ထမင်း ကြော်မယ့် ထမင်းပာာ အနည်းငယ် မာအောင် ချက်ထားပြီး အအေး ခံထား ဖို့တော့ လိုအပ်ပါတယ်။ ပူပြီး စီးထွေးထွေး ဖြစ်နေတဲ့ ထမင်း မျိုးက ထမင်း ကြော်ရာမှာ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရဖို့ ခက်ခဲ တတ်ပါတယ်။

Credit: Original Uploade