မင်္ဂလာပါ။ မုန့်တီလို့ကြားလိုက်ရင် အရည်နဲ့သောက်သလို အသုပ်အနေနဲ့လည်း စားတတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ အထောင်းအနေနဲ့လည်း စားနိုင်ဖို့ ချက်နည်းလေးကို ပြောပြလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- မုန့်တီဖတ်
- ငံပြာရည်
- သံပုရာရည်
- ထန်းညက်ရည်
- ကြက်သားမှုန့်
- ဆား
- ကြက်သွန်ဖြူ
- ဆီကျက်ဆီအနည်းငယ်
- ကြက်သွန်ဖြူထောင်း
- ပဲသီးစိမ်း
- မုန်လာဥနီ
- ကြက်သွန်ဖြူဆီကျက်
- ပုဇွန်ခြောက်
ပြင်ဆင်ပြုလုပ်နည်း
- ယိုးဒယားမုန့်တီထောင်းရန်အတွက် ငံပြာရည်၊ သံပုရာရည်၊ ထန်းညက်ရည် အနည်းငယ်၊ ကြက်သားမှုန့်၊ ဆား၊ ကြက်သွန်ဖြူ၊ ဆီကျက်ဆီအနည်းငယ်၊ ကြက်သွန်ဖြူ ထောင်း အားလုံးရောပါ။
- မုန့်တီဖတ်၊ ပဲသီးစိမ်း၊ မုန်လာဥနီ၊ ပုဇွန်ခြောက် အားလုံး သစ်သားဆုံမှာ တချက်၂ချက်ထောင်းပြီး ဇွန်းနဲ့ နံှ့အောင်မွှေပါ။ ပင်လယ်စာကြိုက်ရင် ကင်ထည့် လှော်ထည့်လို့ရပါတယ်။ ကြက်သွန်ဖြူ ဆီကျက်နဲ့ ပုဇွန်ခြောက်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
Credit: ချက်မယ် စားမယ်