Ma Lay ထောင်းစားတဲ့ ယိုးဒယားပလာတူးငါးပိထောင်းစပ်စပ်လေးပြောပြမယ်နော်။
ပါဝင်ပစ္စည်းများ
- ပလာတူးငါး အကောင်သေး ၃ကောင်ခန့်
- ကြက်သွန်နီ ဥသေး ၄ဥ ခန့်
- ကြက်သွန်ဖြူ ၂ဥ
- ငရုပ်သီးစိမ်း ၅တောင့်ခန့်
- ငါးငံပြာရည် ၂ဇွန်း (ထမင်းစားဇွန်း)
- သကြား ၁ဇွန်း ( လက်ဖက်စားဇွန်း)
- ဟင်းခတ်မှုန့် အနည်းငယ်
- သံပုရာသီး ၂လုံး
ပြင်ဆင်ပြုလုပ်နည်း
- ငါးနဲ့ ကြက်သွန် ၊ ငရုပ်သီးများကို ဒယ်အိုးထဲ ရေ အနည်းငယ် ၊ ဆီအနည်းငယ်ထည့်ကာ ရေခန်းတဲ့ထိထားကာ ဆီပူပူမှာ အနည်း ငယ်ကြော်ပေးပြီး ငါးအသားကို နွှင်ထားပါ ။
- ငရုပ်သီး ၊ ကြက်သွန်များ ညှက်အောင်ထောင်းပြီး ငါးအသားနှင့် ပါဝင်ပစ္စည်းများထည့်ကာ သမအောင် ရောထောင်းပြီး သံပုရာရည်ညှစ်ကာ သုံးဆောင်နိုင်ပါပြီး ။
ပလာတူးငါး မရှိပါက တခြားငါးတွေကိုလဲအသုံးပြုလို့ရပါတယ်။
Credit: Thida Lay Lay