ငရုတ်သီးထောင်းကိုတော့ ပုံမှန်ဟင်းရည်ချက်စားတဲ့အခါတွေမှာ စားဖူးလောက်ပေမယ့် ဝက်သားနဲ့ထောင်းတာကိုတော့ မစားဖူးလောက်သေးပါဘူးနော်။
ပါဝင်ပစ္စည်းများ
- ဝက်သားစဉ်း – ၅၀၀ ဂရမ်
- ငရုတ်ခြောက် – ၂၅ ဂရမ်
- ကြက်သွန်နီ – ၅၀ ဂရမ် (၁/၂ ခွက်)
- ကြက်သွန်ဖြူ – ၅၀ ဂရမ်
- ပုဇွန်ငပိ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- လှီးထားသော ခရမ်းချဉ်သီး – ၅၀၀ ဂရမ်
- ဆီ – ၁/၂ ခွက်
- ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ငံပြာရည် – ၁/၄ ခွက်
- သကြား – ၁/၄ ခွက်
- ရေ – ၁/၂ ခွက်
ပြုလုပ်နည်း
- ဦးစွာ ငရုတ်ခြောက် ၊ ကြက်သွန်နီ ၊ ပုဇွန်ငပိ ၊ ကြက်သွန်ဖြူ ၊ ဆား တို့ကို ငရုပ်ဆုံ ထဲထည့်ကာ ထောင်းထားပါ ။
- ပြီးလျှင် ဒယ်အိုးထဲ ဆီ ထည့်ပြီး ပူလာလျှင် ထောင်းထားတာ အားလုံးကို ဆီသတ်ပါ။
- ဆီသတ်ထားတာ မွှေးလာလျှင် ဝက်သား နှင့် ခရမ်းချဉ်သီး တို့ကို ထည့်ပါ ။ ရေ ထပ်ထည့်ပါ ။
- ပြီးလျှင် အရသာ အတွက် ငံပြာရည် ၊ သကြား တို့ကို ထည့်ပါ ။ ယိုးဒယား ဝက်သား ငရုတ်သီးထောင်းလေး ရပါပြီ ။
Credit: N&S Food House