အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခါဖော်ပြပေးချင်တာကတော့ ယိုးဒယား ပုဇွန်ငါးပိဖျော်နည်းလေးတစ်ခုပါ။ ကြားဖူးမှာမဟုတ်ပေမယ့် ယိုးဒယားဟင်းလျာဆိုတဲ့အတိုင်း စားလို့ကောင်းမှာကတော့ အသေအချာပဲနော်။ ကဲ…ချက်နည်းလေးကို အခုပဲကြည့်လိုက်ကြမယ်။
ပါဝင်ပစ္စည်း
ပုဇွန် ၆ကောင်
မျှင်ငါးပိ ဇွန်းတဝက်ခန့် (ထမင်းစားဇွန်း)
ကြက်သွန်ဖြူ ၅တက်
ငရုပ်သီးစိမ်း ၈တောင့်
သကြား ၁ဇွန်း (လဖက်ရည်ဇွန်း)
ငါးငံပြာရည် ၁ဇွန်း (ထမင်းစားဇွန်း)
သံပုရာသီး ၁လုံး
ရေကျက်အေး ၅ဇွန်း (ထမင်းစားဇွန်း)
အသီးရွက်ပြုတ်အစုံ
ဆူးပုပ်
ဘဲဥကြော်
ငါးကြော်
ဘဲဥပြုတ်
ပြုလုပ်နည်း
မျှင်ငါးပိ ထမင်းစားဇွန်း တဝက်ခန့် မီးဖုတ်ထားပါ။ ပုဇွန်၆ကောင်ခန့်မီးကင်ထားပါ။ ကြက်သွန်ဖြူ ၅တက်၊ ငရုပ်သီးစိမ်း ၈တောင့်ခန့် ရောထောင်းပါ။
ငါးပိမီးဖုတ် နဲ့ ပုဇွန် ၃ကောင်ခန့် ရောထောင်းပါ။ ပြီးလျှင် ပုဂံလုံးထဲတွင် ထောင်းထားသော (၃ နှင့် ၄)ကို သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ငါးငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း၊ သံပုရာသီး ၁လုံးခန့် ညှစ်ထည့်ပြီး ရေကျက်အေး ထမင်းစားဇွန်း ၅ဇွန်းခန့် ထည့်ပါ။
ပြီးလျှင် ကျန်ပုဇွန်၃ကောင်ကို အခွံခွာပြီး အတုံးသေးလေးတွေ တုံးပြီးသားနဲ့ ခရမ်းကစော့သီး၂၀ခန့်ကိုပါ ထည့်ရ်ျ် ရောမွှေပါ။ သီးရွက် ပြုတ်အစုံ၊ ဆူးပုပ်၊ ဘဲဥကြော်၊ ငါးကြော်၊ ဘဲဥပြုတ်တို့နဲ့ တွဲဖက်စားနိုင်ပါပြီ။
Credit: Thida Lay Lay