ပင်လယ်ကမ်းခြေမှာ နေကျသော သူတွေအတွက် သိပ်ကိုကံကောင်းကျပါတယ် ။ ပင်လယ်မှာ ငါးလှေများ တက်လာလျှင် လတ်လတ်ဆတ်ဆတ် ရရှိလာသော ငါးများ ကို အိမ်သူများက ခြံထွက် အသီးအနှံ့များနှင့် မြန်ဆန်စွာ ရှိတာလေးဖြင့် ချက်ပြုတ်ထားသော ဟင်းဖြစ်ပါတယ် ။ မစည် ပင်လယ်ကမ်းခြေ သွားတုံးက စားဖြစ်ခဲ့ သောဟင်းကို မစည် အကြိုက်ပြန်လည်ပြုပြင်ပြီး အားလုံး လဲပြန်ချက်စားကြည့်လို့ရအောင် ပြန်ရှယ်ပေးလိုက်ပါတယ် ။
ပါဝင်ပစ္စည်းများ
- ပြည်ကြီးငါး – ၂၅ ကျပ်သား (သန့်စင်ပြီး အကောင်လိုက်ထားပါ)
- ကိုင်းခရမ်းချဉ်သီး – ၃ သုံး (ခတ်ကြမ်းကြမ်းလေး လှီးထားပါ)
- ငရုတ်သီးစိမ်း – ၈ တောင့် (ကြမ်းကြမ်းလေး ညှပ်ထားပါ)
- ပင်စိမ်း – ၃ ပင် (ခတ်ကြမ်းကြမ်းလေး လှီးထားပါ)
- စိမ်းစားငပိ – ၁ ဇွန်း လက်ဖက်ဇွန်း
- နနွင်းမှုန့် – အနည်းငယ်
- စပါးလင် – ၁ ပင် (ထုပြီး ထုံးထားပါ)
- ကြက်သွန်နီ – ၁ လုံး (ခတ်ကြမ်းကြမ်း လှီးထားပါ)
- ဆီ – ၁ ဇွန်း လက်ဖက်ဇွန်း
- ဆား – အနည်းငယ် (ဆားမြည်းပြီး လိုသလောက်ထည့်ပါ)
ချက်ပြုတ်နည်း
၁။ ဟင်းအိုးထဲ သို့ ရေအနည်းငယ် နှင့် ပင်စိမ်းကလွဲလို့ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး တည်ပါ ။
၂။ ပွတ်ပွတ်ဆူလာလျှင် ရပါပြီး ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ ။ အရည်လေးဖြင့် ထားပါ ။ ပင်စိမ်းအုပ်၍ ထမင်းပူပူလေးဖြင့် တွဲစားက လိုက်ဖက်ပါတယ် ။
Credit: SyiLwin Foodsgarden