ပရိုတင်းဓာတ် ကြွယ်ဝတဲ့ ကြက်သားကို သံပုရာသီးအခွံဖြင့် သေသေချာချာနှပ်ထားကာ အရသာအရှိဆုံးဖြစ်အောင် ဘယ်လိုကင်ရမလဲဆိုတာကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (အရိုးနှင့် အရေခွံတို့ကို ဖယ်ရှားထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၆ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • သံပုရာသီး (သို့) သံပုယိုသီး ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ပလပ်စတစ်အိတ်ထဲ ထည့်ပြီးနောက် အလေးတုံးဖြင့် ပြားနေအောင် ထုပေးပါ။ ဒါမှ ကြက်သားက ဘေးနှစ်ဖက်က ကျက်ပေမယ့် အလယ်သားက မကျက်တတ်တဲ့ ပြဿနာက ကင်းဝေးမှာပါ။

၂။ သံပုရာသီးကိုတော့ အခွံပဲ ယူမှာဖြစ်တဲ့အတွက်ကြောင့် သံပုရာခွံများကို ခြစ်ပြားဖြင့် ခြစ်ချထားပါ။ ဓားဖြင့် မွှန်းပေးလို့လည်း ရပါတယ်။

၃။ ရရှိလာတဲ့ သံပုရာခွံများကို လေလုံသော အိတ်ထဲ ထည့်ပါ။ သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ပါ တစ်ပါတည်း ရောထည့်လိုက်ပါ။

၄။ ထိုပါဝင်ပစ္စည်းများကို ရောသမမွှေပြီးတဲ့အခါမှာတော့ ကြက်သားတုံးများထည့်ကာ အိတ်ကို လုံအောင် ပိတ်လိုက်ပါ။

၅။ ထို့နောက် ထိုကြက်သားတုံးကို ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီမှ တစ်ည ကြာအောင် နှပ်ထားလိုက်ပါ။

၆။ ကင်စားတော့မယ်ဆိုရင်တော့ အကင်မီးဖိုကို အမြင့်ဆုံးအပူချိန်ရအောင် ကြိုတင်အပူပေးထားပါ။ ထို့နောက် ကြက်သားတုံးများကို အကင်မီးဖိုပေါ်တင်ပြီး တစ်ခြမ်းစီကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကင်ပါ။ ထိုအချိန်ထက် ပိုကင်လို့ မရပါဘူး။

၂ မိနစ်၊ ၃ မိနစ်ပြည့်မှ အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ဆက်ကင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်သားကင် ရရှိသွားပါပြီ။

Source: Onceuponachef.com