ဝနေတဲ့သူကျတော့လည်း ပိန်ချင်လို့ဝိတ်ချတယ်၊ ၀ချင်တဲ့သူကျတော့လည်း ဘယ်လောက်စားစား ၀မလာလို့စိတ်ညစ်နေရတယ်။ ဒီတော့ ၀ချင်တဲ့သူတွေအတွက် ပုံမှန်စားသောက်ပေးရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၀ချင်တယ်ဆိုရင်၊ ၀ိတ်တက်လာချင်တယ်ဆိုရင်တော့ အစားအသောက်ပုံစံကိုလည်း ပြောင်းလဲပေးမှဖြစ်မှာပါ။ ဒါ့အပြင် အားဆေးတွေကိုလည်း စားသုံးပေးဖို့လိုအပ်ပါတယ်။

ဝချင်တဲ့သူတွေဟာ အားဆေးသောက်ပြီး ထမင်းများများစားပေးရပါမယ်။ ထမင်းကသာ လိုအပ်တဲ့အာဟာရဓာတ်ကို ပြည့်စေပြီး ခန္ဓာကိုယ်ကို ဖွံ့ဖြိုးပြီးဝလာစေမှာပါ။ ထမင်းစားတဲ့အခါမှာတော့ ဟင်းအဖြစ် အမဲသား၊ ဆော်လမွန်ငါးနဲ့ အဆီများတဲ့ငါးတွေကို များများစားပေးပါ။ ဒါတွေက ကယ်လိုရီနဲ့ အာဟာရဓာတ်တွေများစွာပါဝင်လို့ ၀ိတ်တက်လာစေဖို့နဲ့ ၀လာစေဖို့ကို များစွာအထောက်အကူပြုပါတယ်။

Source: www.urbanwired.com

အာလူး၊ ကန်စွန်းဥ၊ ပြောင်ဖူးနဲ့ ပဲအမျိုးမျိုးကိုလည်း များများစားသုံးပေးဖို့လိုပါတယ်။ ဒီအစားအစာတွေက ကစီကြွယ်ဝတဲ့အစားအစာတွေဖြစ်လို့ ၀ိတ်တက်ပြီးဝလာစေဖို့ကို များစွာအထောက်အကူပြုပါတယ်။ ဒါ့အပြင် ကြက်ဥပြုတ်ကိုလည်း တစ်နေ့ ၂ လုံးပုံမှန်စားပေးမယ်ဆိုရင် ၀ိတ်တက်လာစေမှာ သေချာပါတယ်။

Source: www.sheknows.com

နွားနို့ကို နေ့တိုင်း တစ်နေ့ ၂ ခွက်သောက်ပေးပါ။ မနက်ပိုင်းမှာ ကော်ဖီသောက်မယ့်အစား နွားနို့ကိုပဲ သောက်ပေးပါ။ မနက်စာကို အာဟာရပြည့်ဝတဲ့အစားအစာ စားပေးဖို့လိုပါတယ်။ မနက်စာကို နွားနို့တစ်ခွက်သောက်ပြီး ပေါင်မုန့်ထောပတ်သုတ်စားတာမျိုး၊ ပေါင်မုန့်နဲ့ချိစ် စားတာမျိုး၊ ကြက်ဥပြုတ်စားတာမျိုးကို အကျင့်လုပ်ပေးပါ။ ထောပတ်နဲ့ ချိစ်ကလည်း ၀ိတ်တက်လာစေဖို့ကို တွန်းအားပေးပါတယ်။

Source: www.sheknows.com

သရေစာစားတဲ့အခါမှာတော့ သစ်သီးခြောက်တွေကို စားသုံးပေးပါ။ သစ်သီးခြောက်မှာက ကယ်လိုရီတွေ များစွာပါဝင်နေပါတယ်။ ဒါ့အပြင် ငှက်ပျောသီးနဲ့ ထောပတ်သီးကိုလည်း စားပေးပါ။ ငှက်ပျောသီးကိုတော့ နေ့တိုင်းစားပေးဖို့ လိုပါမယ်။ ထောပတ်သီးကိုတော့ ဖျော်သောက်လို့လည်းရပါတယ်။

Source: www.californiaavocado.com

ဒီအစားအစာတွေကိုသာ နေ့စဉ်ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ အချိန်တစ်လ (သို့) နှစ်လအတွင်းမှာ သိသိသာသာဝိတ်တက်ပြီး လှပလာမှာသေချာပါတယ်။