Brew Coffee
ပလိန်းကော်ဖီတွေဟာ ကဖိန်းဓာတ်ပါဝင်မှုပိုများပါတယ်။ ကော်ဖီတစ်ခွက်မှာ ကဖိန်းဓာတ် 100 mg ထက်ပိုပြီး ပါဝင်ပါတယ်။ တချို့ Ice Coffee တွေမှာလည်း ကဖိန်းဓာတ်ပိုများလေ့ရှိပါတယ်။
ကော်ဖီရဲ့ အာနိသင်ပြဖို့ မိနစ် ၂၀ လောက် စောင့်ရလေ့ရှိပါတယ်။ တစ်နေ့ကို ကော်ဖီ ၄ ခွက်လောက် သောက်ရင် ညအိပ်မပျော်တာ၊ ကတုန်ကယင်ဖြစ်တာတွေဖြစ်တတ်ပါတယ်။
Espresso
Espresso ကော်ဖီကလည်း ရေနည်းနည်းနဲ့ဖျော်တဲ့ ကော်ဖီဖြစ်တာကြောင့် ကဖိန်းဓာတ်ပါဝင်မှုပိုများပါတယ်။ ကော်ဖီ ၁ အောင်စမှာ 50 mg ကဖိန်းဓာတ်ပါဝင်ပါတယ်။
ဆိုဒါအချိုရည်
နေ့လည်ပိုင်းမှာ သင့်ကို လန်းဆန်းစေတဲ့ ဆိုဒါအချိုရည်တွေမှာ ကဖိန်းဓာတ်ပါဝင်မှုများပါတယ်။ ဆိုဒါအချိုရည် ၁ခွက်မှာ ကဖိန်းဓာတ် 30 mg ပါဝင်နေပါတယ်။
ခွန်အားဖြည့် အချိုရည်
ခွန်အားဖြည့် အချိုရည်တွေမှာ ကဖိန်းဓာတ်တွေနဲ့သကြားဓာတ်တွေ ပေါင်းပြီး ထုတ်လုပ်ထားတာပါ။ ကဖိန်းဓာတ်က အာရုံစူးစိုက်မှုအားကောင်းပြီး စွမ်းအင်ကို မြှင့်တင်နိုင်တာကြောင့် ခွန်အားဖြည့် အချိုရည်တွေထဲမှာ အဓိကပါဝင်ပါတယ်။
အမည်းရောင် ချောကလပ်
အမည်းရောင် ချောကလပ်တွေက အားအင်ကို မြှင့်တင်ပေးပြီး နိုင်ပါတယ်။ အမည်းရောင် ချောကလပ် တစ်ပြားမှာ ကဖိန်းဓာတ် 20 mg ပါဝင်ပါတယ်။
Featured Image Source: A.G. Ferrari Foods




