မုန့်လက်ဆောင်းသည် မြန်မာတို့ရဲ့ ရိုးရာအစားအစာ တစ်ခုဖြစ်ပြီး အထူးသဖြင့် နွေရာသီ ပူပြင်းချိန်တွင် စားသုံးသည့် အစားအစာ ဖြစ်သည်။ အခုလို နှစ်သစ်ကူးတော့မယ့် သင်္ကြန်အခါသမယမှာ စတုဒီသာ အလှူအဖြစ် ကျွေးမွေးတဲ့ မုန့်တစ်မျိုးပဲ ဖြစ်ပါတယ်။ မုန့်လက်ဆောင်းကို ယိုးဒယားစကားမှ ဆင်းသက်လာတယ်လို့ မှတ်သားဖူးပါတယ်။ ဆန်ခါတိုက်မုန့်လို့ အဓိပ္ပါယ်ရပါတယ်။
မုန့်လက်ဆောင်းကို အုန်းနို့ရည်၊ ထန်းလျက်ရည်တို့နဲ့ တွဲဖက်ပြီး မုန့်လက်ဆောင်းဖတ်၊ အုန်းသီး၊ သာကူတို့ ထည့်ဝင်ပြီး စားကြပါတယ်။ တစ်ချို့ကလည်း သကြားရည်၊ နှမ်းရည်မွှေးတွေနဲ့ ရောက်ပြီး စားသုံးကြပါတယ်။
မုန့်လက်ဆောင်းမှာ အဓိက ပါဝင်တာတွေကတော့
– အုန်းနို့ရည်/ ထန်းလျက်ရည်
– မုန့်လက်ဆောင်းဖတ်
– အုန်းသီး
– နို့စိမ်း
– ရေ
– ဆား တို့ ဖြစ်ပါတယ်။
မုန့်လက်ဆောင်းဖတ်ကို မြန်မာပြည်မှာတော့ အလွယ်တကူ ဝယ်လို့ ရပါတယ်။ တကယ်လို့ ဝယ်လို့မရတဲ့ နေရာတွေမှာဆိုရင်တော့ ဆန်ကြမ်း၊ ထုံးကို ရည်ဖျော်ပြီး ကျောက်ချဉ်ထည့်ထားတဲ့ ထုံး ကြက်တက်ရည်၊ ဆွမ်းမွှေးရွက် တို့နဲ့ မုန့်လက်ဆောင်းဖတ် လုပ်လို့ ရပါတယ်။ ဆန်ကို တစ်ည စိမ်ပြီး ဆွမ်းမွှေးရွက်ကို ထောင်းပြီး အဝတ်ထဲထည့် အရည်စစ်ပါ။ မုန့်နှစ်ကို စေးအောင် နယ်ပြီး ထုံးကြက်တတ်ရည်နဲ့ ရောကျိုပါ။ ဆွမ်းမွှေးရွက်ရည် ထည့်ပါ။ ဆန်အစေးကို ကြည့်ပြီး ရေကို ချိန်ထည့်ပါ။
မုန့်တွေ ပျစ်ခဲလာပြီဆိုရင် မုန့်ဖတ်လုပ်လို့ ရပါပြီ။ပျစ်နေတဲ့ မုန့်နှစ်တွေကို ဇကာပေါက်ကြီးကြီး ဒါမှမဟုတ် သံပြားဝိုင်းကြီးကြီးပေါ်မှာ တင်ပါ။ အောက်မှာ ရေဇလုံတစ်ခု ခံထားပါ။ မုန့်နှစ်တွေကို ဖိပေးလိုက်ရင် ဇကာပေါက်ကနေ တဆင့် အောက်က ခံထားတဲ့ ရေဇလုံထဲ ကျညပီး ခဲသွားပါလိမ့်မယ်။ အဲ့ကနေမှ ပြန်ဆယ်ယူပါ။ သတိထားရမှာက မုန့်ဖတ်အများကြီး လုပ်မယ်ဆိုရင် အောက်မှာ ခံတဲ့ ရေကို ခဏခဏ လဲပေးရပါမယ်။
အုန်းနို့ရည်နဲ့ စားမယ်ဆိုရင်တော့ အုန်းနို့ရည် မပျစ်မကျဲကို ဆားရယ် နို့စိမ်းရယ် ရောပြီး မွှေပါ။ ထန်းလျက်ရည်နဲ့ စားမယ်ဆိုရင်တော့ ထန်းလျက်ခဲတွေကို ရေနဲ့ မပျစ်မကျဲ အနေကျိုပါ။ သကြားရည်နဲ့ စားမယ်ဆိုရင်တော့ သကြားကို ရေနဲ့ ရောပြီး အနေတော်ရအောင် ကျိုပါ။ တချို့က သာကူစေ့ကို ချက်ပြီး သာကူလေးတွေပါ ထည့်ပါတယ်။ အုန်းသီးကို ခြစ်ပြီး အပေါ်ကနေ ဖြူးပြီး သောက်လို့ ရပါတယ်။ အေးအေး သောက်ချင်ရင်တော့ ရေခဲထည့်သောက်ကြပါတယ်။ ရိုးရာအနေနဲ့ကတော့ မြေအိုးထဲမှာ အေးသွားတဲ့ အုန်းနို့ရည် (သို့) ထန်းလျက်ရည်ကို ထည့်ပြီးထားရင် အေးအေးစိမ့်စိမ့်လေးနဲ့ သောက်လို့ အင်မတန် ကောင်းပါတယ်။ တချို့ကတော့ ပေါင်မုန့် လေးတွေပါ ထည့်စားတတ်ကြပါတယ်။
မုန့်လက်ဆောင်းဟာ အကုန်အကျ သက်သာပြီး အိမ်မှာ လုပ်ရင်လည်း လွယ်ကူတဲ့ အတွက် သင်္ကြန်ပိတ်ရက်မှာ လုပ်စားကြမယ်ဆိုရင် အဆင်ပြေမယ့် မြန်မာရိုးရာ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။