[Unicode]

အသီးအနှံတွေကိုစားသုံးပြီးတဲ့အခါမှာတော့ လူတိုင်းက အခွံတွေကို လွှင့်ပစ်ကြတာများပါတယ်။ တချို့အသီးအနှံတွေရဲ့အခွံတွေဟာ မလွှင့်ပစ်ပဲထားလိုက်ရင် အံ့သြစရာကောင်းလောက်အောင် အသုံးဝင်စေပါတယ်။

ဒါကြောင့် စားပြီးသွားရင် ပြန်လည်အသုံးပြုလို့ရမယ့် အသီးအနှံ (၃) မျိုးနဲ့ ဘယ်လိုပြန်အသုံးပြုရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ပန်းသီးအခွံ

Source: www.livestrong.com

ပန်းသီးစားတဲ့အခါမှာတော့ ပန်းသီးရဲ့အခွံတွေနဲ့ အလယ်က အူတိုင်တွေကို မလွှင့်ပစ်ပဲ အိုးတစ်လုံးထဲကိုထည့်ပြီး ရေတစ်ခွက်ထည့်ကာ ပွက်ပွက်ဆူလာတဲ့အထိ မီးဖိုပေါ်မှာတင်ကာ ပြုတ်ထားပေးရပါမယ်။ ပွက်ပွက်ဆူလာတဲ့အခါမှာတော့ အခွံနဲ့အူတိုင်တွေကို ဇွန်းနဲ့ခပ်ထုတ်ပြီး ပြုတ်ထားတဲ့အရည်အိုးထဲကို သကြား – ခွက်တစ်ခွက်စာ ထည့်မွှေပါ။ ပွက်ပွက်ဆူလာရင်တော့ မီးဖိုပေါ်ကချပြီး ခဏအအေးခံထားလိုက်ပါ။

Source: www.dissolve.com

ပြီးရင်တော့ ဖန်ပုလင်းလေးထဲကို လောင်းထည့်ပြီး ပုလင်းတစ်လုံးထဲထည့်ကာ တစ်ရက်လောက်ထားထားလိုက်ပါ။ နောက်နေ့ကျရင်တော့ ပန်းသီးယိုဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

လိမ္မော်သီးအခွံ

Source: www.deliacreates.com

လိမ္မော်သီးကို အခွံခွာတဲ့အခါမှာ အလယ်ကနေလှီးပြီး၊ သေချာလေးခွာမယ်ဆိုရင်တော့ လိမ္မော်သီးအခွံမှာပါတဲ့ အဖြူရောင်အတံလေးကို မီးစာအဖြစ်နဲ့ အသုံးပြုလို့ရပါတယ်။ ခွက်ပုံစံလေးရသွားရင်တော့ လိမ္မော်သီးအခွံထဲကို ဆီထည့်ပါ။ ဒါဆိုရင်တော့ အလယ်က အဖြူရောင်အတံလေးကို မီးညှိပြီး အသုံးပြုလို့ရပါပြီ။

အာလူးအခွံ

Source: www.dran.webnoviny.sk

အာလူးကို အခွံခွာပြီး အခွံတွေကိုမလွှင့်ပစ်ပဲ ဗန်းတစ်ခုထဲထည့်ကာ ဆီရွှဲနေအောင် ဆန်းပေးပါ။ ပြီးရင်တော့ ဆားနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နည်းနည်းဖြူးပြီး နယ်ပေးပါ။ သမအောင် နယ်ပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ မိနစ် ၃၀ ထည့်ထားလိုက်ပါ။ မုတ်ဖုတ်စက်ထဲကထုတ်တာနဲ့ အချဉ်လေးနဲ့ တို့စားလို့ရတဲ့ သရေစာ Potato Skin Chips လေးကို ရရှိသွားပါပြီ။

Source: www.sipsnibblesbites.com

[Zawgyi]

အသီးအႏွံေတြကိုစားသံုးၿပီးတဲ့အခါမွာေတာ့ လူတိုင္းက အခြံေတြကို လႊင့္ပစ္ၾကတာမ်ားပါတယ္။ တခ်ိဳ႔အသီးအႏွံေတြရဲ႔အခံြေတြဟာ မလႊင့္ပစ္ပဲထားလိုက္ရင္ အံ့ၾသစရာေကာင္းေလာက္ေအာင္ အသံုး၀င္ေစပါတယ္။

ဒါေၾကာင့္ စားၿပီးသြားရင္ ျပန္လည္အသံုးျပဳလို႔ရမယ့္ အသီးအႏွံ (၃) မ်ိဳးနဲ႔ ဘယ္လိုျပန္အသံုးျပဳရမလဲဆိုတာကို ေျပာျပေပးလိုက္ပါတယ္။

ပန္းသီးအခံြ

Source: www.livestrong.com

ပန္းသီးစားတဲ့အခါမွာေတာ့ ပန္းသီီးရဲ႕အခြံေတြနဲ႔ အလယ္က အူတိုင္ေတြကို မလႊင့္ပစ္ပဲ အိုးတစ္လံုးထဲကိုထည့္ၿပီး ေရတစ္ခြက္ထည့္ကာ ပြက္ပြက္ဆူလာတဲ့အထိ မီးဖိုေပၚမွာတင္ကာ ျပဳတ္ထားေပးရပါမယ္။ ပြက္ပြက္ဆူလာတဲ့အခါမွာေတာ့ အခြံနဲ႔အူတိုင္ေတြကို ဇြန္းနဲ႔ခပ္ထုတ္ၿပီး ျပဳတ္ထားတဲ့အရည္အိုးထဲကို သၾကား – ခြက္တစ္ခြက္စာ ထည့္ေမႊပါ။ ပြက္ပြက္ဆူလာရင္ေတာ့ မီးဖိုေပၚကခ်ၿပီး ခဏအေအးခံထားလိုက္ပါ။

Source: www.dissolve.com

ၿပီးရင္ေတာ့ ဖန္ပုလင္းေလးထဲကို ေလာင္းထည့္ၿပီး ပုလင္းတစ္လံုးထဲထည့္ကာ တစ္ရက္ေလာက္ထားထားလိုက္ပါ။ ေနာက္ေန႔က်ရင္ေတာ့ ပန္းသီးယိုျဖစ္သြားတာကို ေတြ႔ရပါလိမ့္မယ္။

လိေမၼာ္သီးအခြံ

Source: www.deliacreates.com

လိေမၼာ္သီးကို အခံြခြာတဲ့အခါမွာ အလယ္ကေနလွီးၿပီး၊ ေသခ်ာေလးခြာမယ္ဆိုရင္ေတာ့ လိေမၼာ္သီးအခြံမွာပါတဲ့ အျဖဴေရာင္အတံေလးကို မီးစာအျဖစ္နဲ႔ အသံုးျပဳလို႔ရပါတယ္။ ခြက္ပံုစံေလးရသြားရင္ေတာ့ လိေမၼာ္သီးအခံြထဲကို ဆီထည့္ပါ။ ဒါဆိုရင္ေတာ့ အလယ္က အျဖဴေရာင္အတံေလးကို မီးညွိၿပီး အသံုးျပဳလို႔ရပါၿပီ။

အာလူးအခံြ

Source: www.dran.webnoviny.sk

အာလူးကို အခံြခြာၿပီး အခံြေတြကိုမလႊင့္ပစ္ပဲ ဗန္းတစ္ခုထဲထည့္ကာ ဆီရႊဲေနေအာင္ ဆန္းေပးပါ။ ၿပီးရင္ေတာ့ ဆားနည္းနည္းနဲ႔ ငရုတ္ေကာင္းမႈန္႔နည္းနည္းျဖဴးၿပီး နယ္ေပးပါ။ သမေအာင္ နယ္ၿပီးရင္ေတာ့ မုန္႔ဖုတ္စက္ထဲမွာ ၃၅၀ ဒီဂရီဖာရင္ဟိုက္နဲ႔ မိနစ္ ၃၀ ထည့္ထားလိုက္ပါ။ မုတ္ဖုတ္စက္ထဲကထုတ္တာနဲ႔ အခ်ဥ္ေလးနဲ႔ တို႔စားလို႔ရတဲ့ သေရစာ Potato Skin Chips ေလးကို ရရွိသြားပါၿပီ။

Source: www.sipsnibblesbites.com