ကိုင်း ခရမ်းချဉ်သီး ပေါတဲ့ ရာသီဆိုတော့ ခရမ်းချဉ်သီး ငါးပိချက် ချက်တယ်ကွယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး မှည့်မှည့်
- ငါးကြင်း – ပြုတ်ပြီး အသားနွှင်ထားပါ
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူ – ပါးပါးလှီးပြီး ဆားလေးနည်းနည်းနဲ့ နယ်ထားပါ
- မျှင်ငါးပိ နည်းနည်း – ရေပျစ်ပျစ်ဖျော်ထားပါ
- မြေပဲလှော် – မညက်တညက်ထောင်းပါ
- ပဲပုပ် – မီးကင်ပြီး ညက်ညက်လေး ထောင်းထားပါ
- ငြုပ်ခွဲကြမ်း
- ငြုပ်စိမ်းတောင့်
- နံနံပင်
- ပင်စိမ်း
- ဆီ
- နနွင်း
- ထန်းလျက် – ၁ ခဲ
ပြုလုပ်နည်း
- အိုးထဲ ဆီ၂ ဇွန်းလောက်ထည့်ပြီး ပူလာရင် ကြက်သွန်ကို နနွင်းလေး အနည်းငယ် ထည့်ပြီး ဆီသတ်ပါ ။ ငါးနွှင် (သို့) ပုစွန်ခြောက်မှုန့် ထည့် ၊ ရေလေး နဲနဲထည့် ၊ မွှေးလာရင် ငါးပိဖျော် ထည့်ပါ ။
- ပြီးလျှင် ခရမ်းချဉ်သီး ထည့် ၊ ငြုပ်ခွဲကြမ်းထည့် ကြေနေအောင် မီးအေးအေးနဲ့ ချက်ပါ ။ သတ်သတ်လွတ် စားမယ်ဆိုရင် ပဲပုပ်မှုန့် နဲ့ မြေပဲ ထည့်ပါ ။ အရည်နှင့် စားချင်လျှင် ရေနွေးထပ်ထည့်ပါ ။ ပျစ်ပျစ်လေး စားချင်ရင်တော့ မထည့်ပါနှင့် ။
- အရသာအတွက် ဆား ၊ ထန်းလျက်လေး ၁ ခဲလောက်ထည့် ၊ မိမိစိတ်ကြိုက် အပေါ့အငံ အပျစ်အကျဲ ဖြစ်ပြီဆိုရင် ငြုပ်စိမ်း ၊ နံနံပင် ၊ ပင်စိမ်းလေးအုပ်ကာ အိုကေပြီ ။
Credit: Mi Shwe Kwett