အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဂျပန်စတိုင်လ် ကြော်ထားတဲ့ ကြက်ကြော်အကြွပ် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၁ ကီလိုဂရမ်
- ၈ စင်တီမီတာအရွယ် ဂျင်းတုံး ၁ တုံး
- ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
- ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဂျုံမှုန့် ပန်းကန်လုံး ၁ လုံးစာ
- ကြော်ရန် ဆီ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကြက်သားတုံးများကို ခပ်ကြီးကြီး အတုံး တုံးထားပါ။
၂။ ထို့နောက် ကြက်သားတုံးများကို ဇလုံအကြီးထဲ ထည့်ပြီးနောက် နုပ်နုပ်စဉ်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆန်ဝိုင်တို့ထည့်ကာ သမအောင် နယ်လိုက်ပါ။
၃။ ထို့နောက် အနည်းဆုံး ၁ နာရီမှ အများဆုံး တစ်ညတာခန့် နှပ်ထားလိုက်ပါ။
၄။ ထို့နောက် ဂျုံမှုန့်များ ထည့်ကာ သမအောင် ထပ်နယ်လိုက်ပါ။
၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
၆။ ဆီပူလာပါက ကြက်သားများ ထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။
အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ကြက်ကြော်လေး ရရှိသွားပါပြီ။
Source: 3hungrytummies.blogspot.com