အားလုံးပဲ မင်္ဂလာပါ။ ချောကလက် Smoothie ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါ ဝေမျှပေးချင်တဲ့ Smoothie ဖျော်ရည်ကတော့ မြေပဲထောပတ် ငှက်ပျောသီး ချောကလက် Smoothie ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၂ လုံး
  • ကိုးကိုးမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နွားနို့ ၇၅၀ မီလီလီတာ (ဖန်ခွက် ၃ ခွက်စာ)

  • ရေခဲတုံး အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးများကို အခွံခွာပါ။ ၃ ပိုင်းလောက် ပိုင်းပြီးနောက် ဖျော်စက်ထဲထည့်ပါ။ ကိုးကိုးမှုန့်၊ ပျားရည်၊ မြေပဲထောပတ်တို့ထည့်ကာ သမသွားသည်အထိ မွှေဖျော်ပေးလိုက်ပါ။

၂။ ထို့နောက် နွားနို့နှင့် ရေခဲတုံးတို့ထည့်ကာ ခရင်မ်များ ပျော်ဝင်သွားသည်အထိ ဖျော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ Smoothie လေးကို အသင့်ပြင်ထားသော ဖန်ခွက်ထဲ လောင်းထည့်လိုက်ပါ။ ချောကလက်အမှုန်များ အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မြေပဲထောပတ် ငှက်ပျောသီး ချောကလက် Smoothie တစ်ခွက် ရရှိသွားပါပြီ။

Source: Thespruceeats.com